Home
မြန်မာသတင်း
ကျန်းမာရေးပညာပေး Love Question-Life Answer ဖုန်းအပလီကေးရှင်း မိတ်ဆက်
Aung Ko Latt
·
January 24, 2018
26991719_737819833089681_7844316312578015772_n
  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲက ဦးဆောင်ကာ တိုင်းဒေသကြီးအဆင့် Love Question-Life Answer အချစ်ပုစ္ဆာဘဝအဖြေရှာ မိုဘိုင်း အပလီကေးရှင်းမိတ်ဆက်ပွဲကို စစ်ကိုင်းတိုင်း မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ပြုလုပ်ပါတယ်။ ဒီအပလီကေးရှင်းကို ပြည်သူလူထုအတွင်း အသိပညာတိုးတက်မြင့်မားစေဖို့နဲ့ လူငယ်တွေကြား လိုအပ်နေတဲ့ သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရရှိစေဖို့  ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီအပလီကေးရှင်းမှာ ခေါင်းစဉ်ကြီး ၈ ခုဖြစ်တဲ့ ဘဝအတွက် ကျွမ်းကျင်စရာ၊ ကျား မ တန်းတူညီမျှမှု၊ သန္ဓေတားနည်းလမ်းများ၊ ချစ်ခြင်းမေတ္တာ၊ အရက်နှင့် မူးယစ်ဆေးဝါးများ၊ HIV နှင့် လိင်မှတဆင့်ကူးစက်သောရောဂါများ၊ လိင်မှုဆိုင်ရာ၊ သင့်ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းထားပြီး အပလီကေးရှင်းကတဆင့် သိလိုတဲ့ မေးခွန်း မေးမြန်းတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီအပလီကေးရှင်းမှာ အချိန်မရွေးခေါ်ဆိုနိုင်တဲ့ ဖုန်းနံပါတ်တွေ၊ မေးမြန်းနိုင်တဲ့လိပ်စာတွေ၊ ပြည်နယ်နှင့် တိုင်းအားလုံးရဲ့ ဝန်ဆောင်မှုတွေ စတာတွေလည်း ဖော်ပြပေးထားပါတယ်။ ဒီအပလီကေးရှင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ UNFPA တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ကျန်းမာရေးဌာနတာဝန်ရှိသူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024