A d v e r t i s e m e n t With Us

နိုင်ငံတော်လုံခြုံ​ရေးအဖွဲ့အစည်းများ၏ အသွင်သဏ္ဍာန်ယူနီ​ဖောင်းများ ဝတ်​ဆင်​ခြင်းမပြုရန်​ မြင်းခြံမြို့တွင်​ အသိ​ပေးရှင်းလင်း

  နိုင်​ငံ​တော်​လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အသွန်​သဏ္ဌာန်​နဲ့ ယူနီ​ဖောင်းတွေ ဖန်​တီးဝတ်​ဆင်​တာတွေ မလုပ်ဖို့ အသိ​ပေး ရှင်းလင်းတဲ့ အခမ်းအနားကို ဇန်​နဝါရီ ၂၃ ရက်​က မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့ ခရိုင်​ရဲတပ်​ဖွဲ့ရုံးမှာ​ သက်​ဆိုင်​ရာ အဖွဲ့အစည်းတွေကို ဖိတ်​ကြားပြီး အသိ​ပေး ရှင်း​လင်းပွဲ ပြုလုပ်​ခဲ့ပါတယ်​။ မြင်းခြံခရိုင်​ ရဲတပ်​ဖွဲ့ ဒုရဲမှူးကြီး​ဌေးလွင်​က “ကျ​နော်​တို့ နိုင်​ငံ​တော်​မှာ လုံခြုံရေးဆိုင်​ရာ အဖွဲ့အစည်း​တွေရဲ့ အသွင်​သဏ္ဌာန်​ကိုယူပြီး​တော့ လုံခြုံရေး ချိုး​ဖောက်​မှု မဖြစ်​​စေဖို့အတွက်​ အထက်​က​နေ အဆင့်ဆင့် ချမှတ်​​ပေးလိုက်​တဲ့ လမ်းညွှန်​ချက်​၊ ညွှန်​ကြားချက်​​တွေကို သက်​ဆိုင်​ရာ အဖွဲ့အစည်း​တွေကို အကြမ်းဖျင်း ရှင်းလင်းပြတာပါ။ အဓိကေ​တာ့ နိုင်​ငံ​တော်​ရဲ့ လုံခြုံရေး အဖွဲ့အစည်းများရဲ့ အသွင်​သဏ္ဌာန် ​ယူနီ​ဖောင်းတွေကို ဖန်​တီးဝတ်​ဆင်​ခြင်း​ မပြုကြဖို့ပါပဲ။ ပြီး​တော့ ဝတ်​စားဆင်ယင်​မှု​တွေကို အသွန်​သဏ္ဌာန်​တူ ဝတ်​ဆင်​သွားမယ်​ဆိုရင်​ အ​ရေးယူ​ ဆောင်​ရွက်​သွားမှာ ဖြစ်​တယ်”​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ အစည်းအဝေးကို တက်ရောက်လာတဲ့ မြင်းခြံမြို့ ကမ္ဘောဇာဘဏ် တာဝန်ရှိသူတဦးက “ခုလို အသိ​ပေးတာ ​ကောင်းပါတယ်​။ လုံခြုံရေးက အ​ရေးကြီးဆုံးအပိုင်းပဲ​လေ။ နိုင်​ငံ​တော်​လုံခြုံရေးနဲ့ပတ်​သတ်​ပြီး အဓိက ယူနီ​ဖောင်း​တွေ ​ရောယှက်​မှုမရှိ​အောင်​ အားလုံး ညှိနှိုင်းတဲ့သ​ဘောပါပဲ။ မြင်းခြံမြို့အ​နေနဲ့​ ပြောရရင်​ လုံခြုံရေးအပိုင်း​တွေမှာ တချို့နေရာ​တွေ လိုအပ်​​ချက်​​တွေ ရှိ​နေပါ​သေးတယ်​။ ညဥ့်နက်​ပိုင်း​တွေမှာ လူ​ကောင်းသူ​ကောင်း​တွေ သွားလာလို့ မ​ကောင်းတဲ့အပိုင်း​တွေ ​တွေ့​နေရပါတယ်​။ ဒါကလည်း အာဏာပိုင်​​တွေဘက်​က အစွမ်းကုန်​ ကြိုးစားသွားမယ်​ဆိုရင်​​တော့ အဆင်​​ပြေလိမ့်မယ် ​ထင်​ပါတယ်” ​လို့ ​ပြောပါတယ်​။ အသိ​ပေးရှင်းလင်းပွဲကို မြင်းခြံမြို့ရှိ ပုဂ္ဂလိကဘဏ်​တွေ၊ လူမှု​ရေးအသင်းအဖွဲ့တွေ၊ လူမှုကာကွယ်​​စောင့်ရှောက်​​ရေးအဖွဲ့တွေ၊ သက်​ဆိုင်​ရာ ဌာနဆိုင်​ရာ အဖွဲ့အစည်းတွေ၊ ဟို​တယ်​တွေ၊ ​မို​တယ်​တွေ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးတွေ၊ စုစု​ပေါင်း လူဦး​ရေ ၆၀ ​ကျော်​ တက်​​ရောက်​ခဲ့ကြပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ )

A d v e r t i s e m e n t With Us

More News
Up