Home
မြန်မာသတင်း
ရေးမြို့နယ်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကျပ်သန်း ၁၁၀၀ ကျော်အသုံးပြုဆောင်ရွက်နေ
DVB
·
January 24, 2018
  မွန်ပြည်နယ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား၊ ကျောင်း၊ ရေ ရရှိရေးစတဲ့ လုပ်ငန်းပေါင်း ၁၅ ခုကို ကျပ်သန်း ၁၁၀၀ ကျော်အကုန်အကျခံ အကောင်အထည်ဖော်နေတယ်လို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှ သိရပါတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်ဒါအောင်မြင်ထားတဲ့ကုမ္ပဏီတွေက အကောင်အထည်ဖော် လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ “စီမံကိန်းအားလုံး အကောင်အထည်ဖော်ဆောင်ရှိရာမှာ တင်ဒါအောင်မြင်ထားခဲ့ကြတဲ့ ရာမည ယူနိုက်တက် ရွှေဝါလင်း Dragon Power ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်ယူဆောင်ရွက် အကောင်အထည်ဖော် ပေးသွားမယ်” လာမယ့်ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ၂၀၁၈-၁၉ ခုနှစ်မှာလည်း လျာထားတဲ့ လမ်း၊ တံတား၊ ကျောင်း၊ ရေ ရရှိရေးကဏ္ဍတွေအပြင် ကျေးရွာဆိုလာမီးရရှိဖို့အတွက်လည်းပါရှိပြီး ကျပ်သန်းပေါင်း ၇၀၀၀ လောက်မှာ လုပ်ငန်းပေါင်း ၃၆ ခုအထိကို ဒေသရဲ့လိုအပ်ချက်တွေအရ ပိုမိုလုပ်ဆောင်နိုင်ဖို့ လျာထားခဲ့တယ်လို ဆိုပါတယ်။ အခုလို လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်တာဟာ ကျေးလက်နေ ပြည်သူတွေ ဒေသစီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ဖြစ်တယ်လို ဆိုပါတယ်။ သတင်း- နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024