A d v e r t i s e m e n t With Us

မြစ်ကြီးနားမြို့မဈေး ကမ္ဘောဇ ဘဏ်အသေး အနုကြမ်းစီးခံရပြီး ကျပ်သိန်း ၉၀၀ ကျော်ပါသွား

  ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မြို့မဈေးက ကမ္ဘောဇ မီနီဘဏ်ကို အခု ညနေပိုင်းမှာ အနုကြမ်းစီးခံရတယ်လို့ ငွေကျပ် သိန်း ၉၀၀ ကျော်ပါသွားတယ်လို့ ကမ္ဘောဇဘဏ်အုပ်စုရဲ့ အကြီးတန်း စီမံခန့်ခွဲရေး မန်နေဂျာ ဦးညိုမြင့် က ဒီဗွီဘီကို ပြောပါတယ်။ “ညနေ ၃ နာရီ ၅ မိနစ်အချိန်ပေါ့။ ဘဏ်ကပိတ်ထားပြီ။ လုပ်ငန်း မပြီးပြတ်သေးသူတွေက ရှိနေသေးပြီး နောက်ဘက်က ဝင်လို့ရသေးတယ်။ အဲအချိန်မှာ သေနတ်နဲ့ နောက်ဘက်က ဝင်လာတာပါ။ လက်နက်ပြပြီး ခြိမ်းခြောက်တာပေါ့။ ဝန်ထမ်းတွေက ခုခံပေမယ့် မရဘူးလေ။ သိန်း ၉၂၀ ပါသွားတယ်” လို့ ပြောပါတယ်။ အဲဒီဘဏ်မှာ ဝန်ထမ်း လေးယောက်ပဲ ရှိတယ်လို့လည်း သူက ပြောပါတယ်။အနုကြမ်းစီးသူတွေကို မန်နေဂျာ အမျိုးသမီးက ခုခံတားဆီးခဲ့ပေမယ့် မရခဲ့သလို လုယက်သူတွေက စီစီတီဗွီ ကင်မရာတွေကို ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။ အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up