အထက်မြန်မာပြည် သတင်းစာဆရာအသင်းဖြစ်ရေး ကြိုးပမ်း
DVB
·
May 6, 2012
မြန်မာနိုင်ငံအထက်ပိုင်းက သတင်းစာဆရာများတွေကို ကိုယ်စားပြုမယ့် သတင်းစာဆရာများအသင်း ဖြစ်ပေါ်ရေးအတွက် ဒီနေ့မနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ ကြားက မင်းသီဟ ကိတ်ဆိုင်မှာ ပြုလုပ်ပါတယ်။
[caption id="attachment_24986" align="alignleft" width="259" caption="သတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ (အထက်မြန်မာပြည်)"][/caption]
မန္တလေးမြို့က အတွေ့အကြုံရှိတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေဆီက အကြံဥာဏ်တောင်းခံပြီး လူငယ်သတင်းစာဆရာတွေချည်း ပါဝင်တဲ့ အထက်မြန်မာပြည် သတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
ဖြစ်မြောက်ရေးအဖွဲ့ဝင်အများစုဟာ ယခင်က Myanmar Journalist Network (Mandalay) မှာ သတင်းစာဆရာများရဲ့ အကျိုးကို ရှေ့ရှုဆောင်ရွက်နေသူ တွေဖြစ်ပြီး အခုအခါမှာ Myanmar Journalist Network (Mandalay)ကို ဖျက်သိမ်းပြီး အထက်မြန်မာပြည် ကိုယ်စားပြု သတင်းစာဆရာအသင်း ဖြစ်မြောက်ဖို့ ဆောင်ရွက်ကြတာလည်း ဖြစ်ပါတယ်။