A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် မာယန်ဘုရင်မ၏အုတ်ဂူကို မူလလက်ရာမပျက် ပြင်ဆင်ပြီး ပြသမည်

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကို အမျိုးသား မနုဿဗေဒနဲ့ သမိုင်းအင်စတီကျုက ရှေးဟောင်းသုတေသီအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၁,၀၀၀ က အုပ်စိုးခဲ့တဲ့ မာယန်ဘုရင်မ (Mayan Red Queen) ရဲ့အုတ်ဂူကို မူလလက်ရာမပျက်အောင် ပြင်ဆင်ပြီး ပြသတော့မှာ ဖြစ်ပါတယ်။ ဘုရင်မရဲ့အုတ်ဂူကို မာယာခေတ် ပါကယ်မင်းဆက်ရဲ့ သြဇာအကြီးဆုံး မြို့ကြီးတမြို့မှာ ပါဝင်ခဲ့တဲ့ ပါလန်ကေးမြို့ဟောင်းထဲက ကျောင်းတော်အမှတ် ၁၃ ထဲမှာ ၁၉၉၄ ခုနှစ်ကတည်းက တွေ့ရှိခဲ့တာပါ။ ပြန်လည်ဖန်တီးထားတဲ့ အုတ်ဂူနဲ့ ဈာပနပွဲအတွင်း ဖုံးခဲ့တဲ့ မျက်နှာဖုံးကို နယူးယောက်က မြို့တော်အနုပညာပြတိုက်အတွင်း ဖေဖော်ဝါရီလထဲမှာ ပြုလုပ်မယ့် ပြပွဲမှာ ထည့်သွင်းပြသသွားမှာပါ။ နိုင်ငံပေါင်း ၁၂ နိုင်ငံမှာရှိတဲ့ ပြတိုက် ၅၀ ကျော်ကနေ ပစ္စည်း ၃၀၀ ကျော်ကို ပြပွဲမှာ ပြသမှာဖြစ်ပါတယ်။ ဒီပြပွဲဟာ ဘီစီ ၁,၂၀၀ ဝန်းကျင်မှာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်းကနေ ပီရူးနိုင်ငံတောင်ပိုင်း တလျှောက် ထွန်းကားခဲ့တဲ့ အနုစိတ်လက်ရာတွေနဲ့ ရွှေသုံးစွဲမှု ထွန်းကားခဲ့ပုံတွေကို ခြုံငုံသိရှိနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up