Live
Home
မြန်မာသတင်း
ကျိုင်းတုံမြို့နယ်၌ ပွိုင့် ၂၂ သေနတ် ၁ လက်နှင့် ကျည်တောင့် ၁၂၀၀ ကျော် ဖမ်းဆီးရမိ
DVB
·
January 23, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ပွိုင့် ၂၂ သေနတ် ၁ လက်နဲ့ ကျည်တောင့် ၁၂၀၀ ကျော် မနေ့က ဖမ်းမိရခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ ၄ နာရီခွဲလောက်က ကျိုင်းတုံမြို့နယ် ဝမ်တာပုံ ပူးပေါင်း စစ်ဆေးရေးစခန်းမှာ မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးနေစဉ် ယာဉ်တစီးက နောင်ဖာရဲကင်းရှေ့မှာ ရပ်တန့်ခြင်းမရှိဘဲ လူနှစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားခဲ့တာပါ။ လူ ၂ ဦးကို တိုက်ပြေးသွားတဲ့ယာဉ်ကို ဝမ်တာပုံ-မိုင်းခတ်သွားလမ်းအတိုင်း ရှာဖွေခဲ့ရာ မိုင်းလား မြို့နယ် ၂၄ မိုင်ကျေးရွာအနီးမှာ မိုင်းခတ်မြို့ကို ဦးတည် မောင်းနှင်နေတဲ့ ALPHARD ယာဉ်ဟာ လမ်းဘေးမှာ ရပ်တန့်ပြီး လူတဦးက လျှိုထဲကို ဆင်းပြေးသွားခဲ့တဲ့အတွက် ယာဉ်ကို ရှာဖွေခဲ့ရာ ယာဉ်ရဲ့ရှေ့ခန်းထိုင်ခုံပေါ်မှာ ချက်နိုင်ငံလုပ် LA-22 သေနတ် ၁ လက်၊ ပွိုင့်၂၂ ကျည် ၁၂၀၀ တောင့်နဲ့  ၉-မမ ကျည် ၅၀ တောင့်တို့ကို သိမ်းဆည်းရမိတာလို့ ထုတ်ပြန်ပါတယ်။ လက်နက်ခဲယမ်း သယ်ဆောင်လာသူကိုတော့ ဖမ်းဆီးရမိခြင်း မရှိဘဲ  ကျိုင်းတုံမြို့မရဲစခန်းမှာ ရှမ်းပြည်နယ် လက်နက်အမိန့်အမှတ် ၁၂(က)/၁၂(ဂ) အရ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024