ဆန်းချက်ဇ်နှင့် မစ်ခီတာယန်းတို့၏ အပြောင်းအရွှေ့ အပြီးသတ်

ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်းတို့ရဲ့ အပြောင်းအရွှေ့တွေ အမှန်တကယ်ဖြစ်ပေါ်လာဖို့ စောင့်ဆိုင်းခဲ့ကြရတဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကနေ ချပြခဲ့ပြီဖြစ်တဲ့အတွက် ကျေနပ်နေကြပါတယ်။
ဆန်းချက်ဇ်ကိုမိတ်ဆက်တဲ့ ဗွီဒီယိုဟာ ဒီကနေ့မနက် အစောပိုင်းမှာ ထွက်ပေါ်လာခဲ့သလို အာဆင်နယ်အသင်းအင်္ကျီနဲ့ မိတ်ဆက်ခဲ့တဲ့ မစ်ခီတာယန်းရဲ့ ဓာတ်ပုံတွေလည်း မရှေးမနှောင်းပဲ ပေါ်ထွက်လာခဲ့ပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ကို မိတ်ဆက်တဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ကြည့်ရှုသူ သန်းနဲ့ချီသွားခဲ့သလို မစ်ခီတာယန်းကို မိတ်ဆက်တဲ့ ဗွီဒီယိုဖိုင်ကတော့ ဆန်းချက်ဇ်ကို မကျော်နိုင်ခဲ့ပါဘူး။
အခုအချိန်မှာတော့ နှစ်သင်းစလုံးဟာ ကစားသမားတွေကို အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သလို မကြာခင်မှာ ပွဲထွက်ကစားလာတာကို တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။
ကစားသမား နှစ်ဦးလုံးကတော့ အခုအပြောင်းအရွှေ့အတွက် ပျော်ရွှင်နေပြီး ငယ်စဉ်ကတည်းက အိပ်မက်တွေဖြစ်လို့ အောင်မြင်မှုတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။
လက်ရှိအချိန်မှာတော့ ဆန်းချက်ဇ်ဟာ အသားတင် တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ ရရှိမှာဖြစ်ပြီး ပုံရိပ်အသုံးပြုခ အပါအဝင် ဆုကြေးတွေနဲ့ဆိုရင် တပတ်ကို ပေါင် ၆ သိန်းလောက် ရရှိမယ့် အခွင့်အရေးတွေ ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ လုပ်ခလစာအမြင့်ဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာမှာပါ။
မစ်ခီတာယန်းကတော့ တပတ်လုပ်ခ ပေါင် ၁ သိန်း ၇ သောင်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းမှာထက် ပေါင် ၃ သောင်း ပိုရရှိမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းကိုလည်း တပတ်လုပ်ခ ပေါင် ၁ သိန်း ၉ သောင်းနဲ့ခေါ်ယူဖို့ ဆွေးနွေလျက် ရှိပါတယ်။