A d v e r t i s e m e n t With Us

ဆန်းချက်ဇ်နှင့် မစ်ခီတာယန်းတို့၏ အပြောင်းအရွှေ့ အပြီးသတ်

ဓာတ်ပုံ - theguardian
ဆန်းချက်ဇ်နဲ့ မစ်ခီတာယန်းတို့ရဲ့ အ​ပြောင်းအ​ရွှေ့တွေ အမှန်​တကယ်​ဖြစ်​​ပေါ်လာဖို့ ​စောင့်​ဆိုင်းခဲ့ကြရတဲ့ အာဆင်​နယ်​အသင်းနဲ့ မန်​ချက်​စတာယူနိုက်​တက်​ ပရိသတ်​​တွေဟာ အသင်းရဲ့ တရားဝင်​ဝက်​ဘ်​ဆိုက်​​တွေက​နေ ချပြခဲ့ပြီဖြစ်​တဲ့အတွက်​ ​ကျေနပ်​​နေကြပါတယ်​။ ဆန်းချက်​ဇ်​ကိုမိတ်​ဆက်​တဲ့ ဗွီဒီယိုဟာ ဒီက​နေ့မနက်​ အ​စောပိုင်းမှာ ထွက်​​ပေါ်လာခဲ့သလို အာဆင်​နယ်​အသင်းအင်္ကျီနဲ့ မိတ်​ဆက်​ခဲ့တဲ့ မစ်​ခီတာယန်းရဲ့ ဓာတ်​ပုံ​တွေလည်း မ​ရှေးမ​နှောင်းပဲ​ ပေါ်ထွက်​လာခဲ့ပါတယ်​။ အလက်​ဆစ်​ဆန်းချက်​ဇ်​ကို မိတ်​ဆက်​တဲ့ ဗွီဒီယိုကို ​ဖေ့စ်ဘွတ်ခ်စာမျက်​နှာ​ပေါ်မှာ ကြည့်​ရှုသူ သန်းနဲ့ချီသွားခဲ့သလို မစ်​ခီတာယန်းကို မိတ်​ဆက်​တဲ့ ဗွီဒီယိုဖိုင်​က​တော့ ဆန်းချက်​ဇ်​ကို မ​ကျော်​နိုင်​ခဲ့ပါဘူး။ အခုအချိန်​မှာ​တော့ နှစ်​သင်းစလုံးဟာ ကစားသမား​တွေကို အပြီးသတ်​စာချုပ်​ ချုပ်​ဆိုနိုင်​ခဲ့ပြီဖြစ်​သလို မကြာခင်မှာ ပွဲထွက်​ကစားလာတာကို​ တွေ့မြင်​ရ​တော့မှာပဲ ဖြစ်​ပါတယ်​။ ကစားသမား​ နှစ်ဦးလုံးက​တော့ အခုအပြောင်းအရွှေ့အတွက် ​ပျော်​ရွှင်​​နေပြီး​ ငယ်​စဉ်​ကတည်းက အိပ်မက်​​တွေဖြစ်​လို့ ​​​အောင်​မြင်​မှု​တွေကို အ​ကောင်​အထည်​​ဖော်​ဖို့ ကြိုးစားသွားမှာဖြစ်​​ကြောင်း ​ပြောကြားခဲ့ကြပါတယ်​။ လက်​ရှိအချိန်​မှာ​တော့ ဆန်းချက်​ဇ်​ဟာ အသားတင်​ တပတ်​လုပ်​ခ ​ပေါင်​ ၃ သိန်းခွဲ ရရှိမှာဖြစ်​ပြီး ပုံရိပ်​အသုံးပြုခ အပါအဝင်​ ဆု​ကြေး​တွေနဲ့ဆိုရင်​​ တပတ်ကို ​ပေါင်​ ၆ သိန်းလောက် ရရှိမယ့်​ အခွင့်​အ​ရေး​တွေ ရှိ​နေတဲ့အတွက် မန်​ချက်​စတာယူနိုက်​တက်​အသင်းနဲ့ ပရီးမီးယားလိဂ်​မှာ လုပ်​ခလစာအမြင့်​ဆုံး ရရှိတဲ့ ကစားသမား ဖြစ်​လာမှာပါ။ မစ်​ခီတာယန်းက​တော့ တပတ်​လုပ်​ခ ​ပေါင်​ ၁ သိန်း ၇ သောင်းနဲ့ ​ပြောင်း​ရွှေ့ခဲ့တာဖြစ်​ပြီး မန်​ချက်​စတာယူနိုက်​တက် အသင်းမှာထက် ​ပေါင်​ ၃ သောင်း ပိုရရှိမှာလည်း ဖြစ်​ပါတယ်​။ အာဆင်​နယ်​အသင်းဟာ ​ဒေါ့မွန်​တိုက်​စစ်​မှူး အူဘာမီယန်းကိုလည်း တပတ်​လုပ်​ခ ​ပေါင်​ ၁ သိန်း ၉ သောင်းနဲ့​ခေါ်ယူဖို့ ​ဆွေး​နွေလျက်​ ရှိပါတယ်​။

A d v e r t i s e m e n t With Us

More News
Up