A d v e r t i s e m e n t With Us

လေယာဉ်မယ်များ၏ အတွင်းခံနှင့် ရင်သား မြင်ခဲ့ရ၍ တိုင်ကြားစာပို့ခဲ့သည့် ခရီးသည်

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
လေကြောင်းခရီးနဲ့ လိုက်ပါစီးနင်းချိန်မှာ လေယာဉ်ပေါ်ပါ လေယာဉ်မယ်တွေရဲ့ အတွင်းခံနဲ့ ရင်သားတွေကို တွေ့မြင်ခဲ့ရတဲ့အတွက် ခရီးသည် အမျိုးသမီးတဦးဟာ ဒေါသထွက်ခဲ့ပြီး လေကြောင်းလိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ မလေးရှားလေကြောင်းလိုင်း လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ နယူးဇီလန်နိုင်ငံသူ ခရီးသည်တဦးဖြစ်တဲ့ ဒေါက်တာ ဂျွန်ရောဘတ်ဆန်က သူ့အနေနဲ့ မလေးရှားနိုင်ငံကို လေယာဉ် မကြာခဏစီးနေကျဖြစ်ပြီး လတ်တလော အဲအေးရှား လေကြောင်းလိုင်းက လေယာဉ်မယ်တွေရဲ့ ဝတ်စုံက သူမကို စော်ကားသလို ခံစားရလို့ မလေးရှား လွှတ်တော်အမတ်ဆီ တိုင်ကြားစာ ရေးခဲ့တာပါ။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ရေးထားတဲ့စာထဲမှာ “အဲအေးရှားက လေယာဉ်မယ်တွေရဲ့ အရမ်းတိုလွန်းတဲ့ စကတ်တွေက ကျမကို စော်ကားနေသလို ခံစားရတယ်။ ဥရောပလေကြောင်းလိုင်းတွေ နယူးဇီလန်၊ သြစတြေးလျနဲ့ အမေရိကန် လေကြောင်းလိုင်းတွေမှာ ဒီလို တိုလွန်းတဲ့စကတ်တွေ မဝတ်ကြဘူး။ ဒါက ဘယ်သူမှ မနှစ်သက်ကြလို့ ကျမအတွက် ရွံရှာစရာကောင်းနေတယ်။ အဲအေးရှား လေယာဉ်မယ်တယောက် ကုန်တိုက်ထဲမှာ ကုန်းလိုက်တော့ သူ့ရဲ့အတွင်းခံကို မြင်လိုက်ရတယ်။ တော်တော်ဆိုးတာပဲ၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက အော့ကလန်ကနေ ကွာလာလမ်ပူကိုသွားတဲ့ လေယာဉ်ပေါ်မှာလည်း လေယာဉ်အထက်တန်း ခုံတွေမှာ ထိုင်နေတဲ့ ကျမတို့ကို ဝန်ဆောင်ပေးတဲ့ လေယာဉ်မယ် သူ့အင်္ကျီဟနေလို့ ရင်သားထိပ်တွေကိုတောင် မြင်ရတယ်” လို့ ရေးထားပါတယ်။ “ကျမက အမြင်မတော်ဘူးလို့ ပြောပြီး အင်္ကျီကို စေ့ခိုင်းရတယ်၊ လေကြောင်းလိုင်းက နိုင်ငံရဲ့နာမည်ကို ကျစေပြီး လူတွေ မလေးရှားနိုင်ငံအပေါ် အထင်သေးမယ်၊ ဒါပေမယ့် လေယာဉ်မောင်တွေကတော့ လေးစားစရာကောင်းပြီး အရမ်း အလုပ်သဘောဆန်ပါတယ်” လို့ သူမက ဆက်ပြောပါတယ်။ မလေးရှားနိုင်ငံ လွှတ်တော်အမတ် မာမက်က မကြာသေးခင်က လေကြောင်းလိုင်းရဲ့ ဝတ်စုံနဲ့ပတ်သက်ပြီး အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up