Home
မြန်မာသတင်း
ရုရှားလုပ် Su-30 ဂျက်တိုက်လေယာဉ် ၆ စီး မြန်မာ့တပ်မတော် ဝယ်ယူ
DVB
·
January 23, 2018
  ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဉ် ၆ စီး မြန်မာကို ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ရုရှားမီဒီယာ ဖြစ်တဲ့ TASS သတင်းမှာ ရေးသားဖော်ပြပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoigu ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ဂျက်တိုက်လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တာလို့ ရုရှား  ဒုတိယ ကာကွယ်ရေးဈန်ကြီး အလက်ဇန်ဒါး ဖိုမင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။ Su-30 ဂျက်တိုက်လေယာဉ်တွေဟာ မြန်မာရဲ့ အချုပ်အခြာအာဏာကို အကြမ်းဖက် ခြိမ်းခြောက်မှုတွေရဲ့ အန္တရာယ်တွေကနေ ကာကွယနိုင်ဖို့ ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပညာတော်သင်အဖြစ် မြန်မာအရာရှိ ခြောက်ရာကျော် ရုရှားနိုင်ငံမှာ ပညာသင်ယူနေတယ်လို့လည်း  ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါတွေဟာ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာ လုံခြုံရေးကို တိုးမြှင့်နိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စစ်သင်္ဘောတွေ အပြန်အလှန် ဆိုက်ကပနိုင်ရေးအတွက်ပါ သဘောတူခဲ့ပါတယ်။ ရုရှား ကာကွယ်ရေးဝန်ကြီး Sergey Shoigu ဟာ မြမ်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ဇန်နဝါရီ ၂၁ နဲ့ ၂၂ ရက်တွေမှာ အလည်အပတ် လာရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024