A d v e r t i s e m e n t With Us

လိဂ်ဖလားဆီမီး ဒုတိယအကျော့ပွဲစဉ်ကို ချဲလ်ဆီး အဓိက ကစားသမားများ လွဲချော်ဖွယ်ရှိ

အာဆင်​နယ်​အသင်းနဲ့ ယှဉ်​ပြိုင်​ကစားရမယ့်​ လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်​နယ်​ပွဲစဉ်​အတွက်​ ချဲလ်​ဆီးအသင်းရဲ့ အဓိက ကစားသမား အ​တော်​များများ လွဲ​ချော်​မယ်​လို့ သိရပါတယ်​။ နောက်​ဆုံးဒဏ်​ရာရ ကစားသမားဖြစ်​တဲ့ ဂိုးသမား ​ကော့တွိုက် အပါအဝင်​ မိုရာတာ၊ ပက်​ဒရို၊ ဖာဘရီဂတ်​စ်​၊ ဒရင့်​ဝါးတား အစရှိတဲ့ ကစားသမား​တွေဟာ ဒဏ်​ရာပြဿနာ​ကြောင့်​ ပါဝင်​နိုင်​မှာ မဟုတ်​ပါဘူး။ လာမယ့် ဇန်နဝါရီ ၂၄ ရက်ညမှာ ကစားရမယ့်​ အဲဒီပွဲစဉ်​ဟာ ပထမအ​ကျော့ ချဲလ်​ဆီးအသင်းရဲ့ကွင်းမှာ သ​ရေကျထားခဲ့တဲ့အတွက် ​ဗိုလ်​လုပွဲတက်​​ရောက်​​ရေး အ​ရေးပါတဲ့ပွဲစဉ်​ ဖြစ်​လာမှာပါ။ ဒါကြောင့်​ ဘာက​လေ၊ ဇာပါ​ကော်​စတာ၊​ ဒေးဗစ်​လုဇ်​ အစရှိတဲ့ ကစားသမား​တွေဟာ အရန်​လူငယ်​ကစားသမား​တွေနဲ့အတူ ပွဲထွက်​ကစားရဖွယ်​ ရှိနေပါတယ်​။ အာဆင်​နယ်​အသင်းက​တော့ သူတို့အတွက်​ ဒီနှစ်​မှာ ဖလားရရှိရေး ​မျှော်​လင့်​ချက်​ဖြစ်​လို့ လိဂ်ဖလားမှာ​ အောင်​မြင်​မှုရရှိ​ရေး အားစိုက်​ကစားသွားဖို့ ရှိ​နေပါတယ်​။

A d v e r t i s e m e n t With Us

More News
Up