Home
မြန်မာသတင်း
နိုင်ငံတဝန်း ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေး
DVB
·
January 23, 2018
  ဆင်ခြေထောက်ရောဂါ အမြစ်တွယ်ဖြစ်ပွားနေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၂ ရက်ကစပြီး ၃၁ ရက်အထိ ကျန်းမာရေးဝန်ထမ်းတွေက တစ်ပြိုင်နက်တည်း လိုက်လံတိုက်ကျွေးနေပါတယ်။ ကာကွယ်ဆေးတိုက်ကျွေးရာမှာ မြို့နယ်တစ်ခုချင်းစီအလိုက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ရပ်ကွက်အုပ်ချူပ်ရေးမှူး ရပ်ကွက်နေပြည်သူတွေ၊ ကြက်ခြေနီ၊ မီးသတ်စတဲ့ အဖွဲ့တွေနဲ့ပူးပေါင်းကာ ညနေခင်းတွေမှာ တစ်အိမ်တက်ဆင်း သွားရောက်ကာ ဆေးတိုက်ကျွေးနေတာပါ။ ဒါ့အပြင် အခြေခံပညာစာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ အစိုးရရုံးတွေမှာလည်း တိုက်ကျွေးသွားမယ်လို့သိရပါတယ်။ ကာကွယ်ဆေးတွေကိုတော့ အသက်(၂) နှစ်နဲ့အထက် ပြည်သူအားလုံးကို တိုက်ကျွေးတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သောက်သုံးဖို့ မသင့်ဘူးလို့ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကာကွယ်ဆေးတိုက်ကျွေးရာမှာ အမှားအယွင်း မရှိစေဖို့အတွက် လက်ကမ်းစာစောင်တွေကိုပါဝေမျှပြီး အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ဆင်ခြေထောက်ရောဂါကင်းဝေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့အတွက် ငါးနှစ်စီမံချက်ရေးဆွဲကာ ကာကွယ်ဆေးတွေကို တိုက်ကျွေးလာတာဖြစ်ပြီး အခုနှစ်ဟာ နောက်ဆုံးအကြိမ် ကာကွယ်ဆေးတိုက်ကျွေးရမယ့် နှစ်လည်းဖြစ်ပါတယ်။ ကာကွယ်ဆေးတိုက်ကျွေးမှု ထိရောက်မှုရှိမရှိကိုလည်း ကာကွယ်ဆေးတိုက်ကျွေးတဲ့ စီမံချက်ပြီးစီးပါက သွေးဖောက်စစ်ဆေးတာတွေပြုလုပ်သွားမယ်လို့သိရပါတယ်။ သတင်းဓာတ်ပုံ- ဆုဆုသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024