Home
မြန်မာသတင်း
ဒေါက်တာဆူရာကီရတ်ဦးဆောင်သည့် ရခိုင်အကြံပေးအဖွဲ့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး
DVB
·
January 23, 2018
26993377_1200472223420325_446177681077074991_n
26992248_1200469936753887_3146535784211613387_n
26904805_1200470053420542_7486840310918939570_n
26815163_1200472100087004_5288165710254970318_n
26733800_1200470120087202_439674420708138397_n
19555022_1200470070087207_8250964334836553496_n
19260421_1200472103420337_578575990273293876_n
  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်း ဦးဆောင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတာ ၀န်ရှိသူတွေ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဇန်န၀ါရီ ၂၂ ရက်မွန်းလွဲပိုင်းက နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တွေ့ဆုံပြီး ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင် အထည်ဖော်ဆောင်ရွက်ရေးနဲ့ စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မယ့် ကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူ ၁၀ ဦး ပါဝင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက်မှာ မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပြီး အဖွဲ့စတင်တည်ထောင်ပြီးချိန်ကစလို့ ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။ ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာစစ်တပ် အပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ အဖွဲ့အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးတိုင်ပင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ် သူ့ရဲ့ ရခိုင်အကြံပေးအဖွဲ့ကို အပြောသက်သက် အဖွဲ့တဖွဲ့အနေနဲ့ မဖြစ်ချင်ဘဲ လက်တွေ့ကျကျ တိုးတက်မှုတွေ ရလာအောင် လုပ်ဆောင်နေတဲ့ အဖွဲ့တဖွဲ့သာ ဖြစ်ချင်တယ်လို့ ဆူရာကီရတ်က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။ ရခိုင်အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရရဲ့ အာဘော်အတိုင်း ပြောမှာ မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝန်းဘက်ကလည်း ကိုယ်စားပြု ပြောဆိုမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ရခိုင်အကြံပေးအဖွဲ့ဟာလာမယ့် ဇန်နဝါရီ ၂၄ ရက်မှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။ ဓာတ်ပုံ-State Councellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024