A d v e r t i s e m e n t With Us

ရန်ကုန်အမေရိကန်သံရုံး ဘတ်ဂျက်အခြေအနေကြောင့် ရုံးလုပ်ငန်းအပြည့်အ၀မလုပ်နိုင်သေး

  အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လျာထားငွေ အတည်ပြုချက်မရသေးတဲ့ကာလအတွင်း ရုံးလုပ်ငန်း အပြည့်အဝမလုပ်နိုင်သေးဘူးလို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ကောင်စစ်ရေးရာ ဌာနက ကြေညာပါတယ်။ ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာအရေးပေါ်အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတွေက လွဲပြီ သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ အကြောင်းအရာအသစ်တွေတင်မှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။ ဘတ်ဂျက်လျာထားငွေ အတည်ပြုချက်မရသေးတဲ့ ကြားကာလမှာ အခြေအနေခွင့်ပြုချက်အရ ပြည်ဝင်ခွင့်အတွက် လူတွေ့မေးမြန်းတာ၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ အမေရိကန်နိုင်ငံသားတွေအတွက် ဝန်ဆောင်မှုတွေအပါအဝင် အမေရိကန် သံရုံး ကောင်စစ်ဌာနရဲ့ လုပ်ငန်းတွေကိုတော့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်က  ဘတ်ဂျက်တိုးပေးဖို့ သဘောတူညီချက် မရသေးတာကြောင့် အမေရိကန်ရဲ့ ဌာနဆိုင်ရာ လုပ်ငန်းအများစု မနေ့ကစပြီး ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up