ဗြိတိသျှ သံအမတ်ကြီး စေ့စပ်ကြောင်းလမ်း (ဓာတ်ပုံ)
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပတ်ထရစ်ဟာ မြန်မာအမျိုးသမီး တယောက်နဲ့ မနေ့က စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။
အင်ဒရူး ပတ်ထရစ်ဟာ ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး မစန္ဒာဝင်းနဲ့ စေ့စပ်လိုက်တာပါ။
သူတို့ကို အငြိမ်းစား ဗြိတိသျှံအမတ်ကြီး ဗစ်ကီဘိုမန်နဲ့ ပန်းချီဆရာ ကိုထိန်လင်းတို့ ဇနီးမောင်နှံက ပန်းချီကားတချပ် လက်ဆောင်ပေးခဲ့ပါတယ်။
ဗစ်ကီဘိုမန်ဟာလည်း ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာပန်းချီဆရာ ကိုထိန်လင်းနဲ့ လက်ထပ်ခဲ့ပါတယ်။
ဓာတ်ပုံ-ထိန်လင်း