ကာ့ဒ်ပြည်သူ့စစ်လိုလားသည့် ဆန္ဒပြသူများကို တူရကီရဲတပ်ဖွဲ့ ရာဘာကျည်သုံးပြီး လူစုခွဲ

ဓာတ်ပုံ - ရိုက်တာ
တူရကီရဲတပ်ဖွဲ့ဟာ မြို့တော် အန်ကာရာနဲ့ အစ္စတန်ဘူမြို့တွေမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ဆင်နွှဲတဲ့ ဆန္ဒပြပွဲအတွင်း ကာ့ဒ်လူမျိုး ပြည်သူ့စစ်တွေကို လိုလားတဲ့ ဆန္ဒပြသူတွေကို ရာဘာကျည်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူ ၁၂ ဦးထက်မနည်း အဖမ်းခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက အက်ဖ်ရင်ခရိုင်မှာ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ကာ့ဒ် ပြည်သူ့စစ်တွေကို တူရကီစစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့အတွက် ဆန္ဒပြသူတွေက တူရကီစစ်တပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကို ဟန့်တားဖို့ ဒီယာဘာကီယာမြို့မှာရှိတဲ့ ကာ့ဒ်လိုလားတဲ့ ပြည်သူ့ဒီမိုကရေစီ ပါတီရုံးခွဲ သွားတဲ့လမ်းကို ပိတ်ဆို့ခဲ့ပါတယ်။ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကို ဆန္ဒမပြဖို့ ကာ့ဒ်လိုလားတဲ့ အတိုက်အခံတွေဘက်က ထောက်ခံသူတွေကို တူရကီသမ္မတက အစောပိုင်းမှာ သတိပေးခဲ့ပြီးပါပြီ။ လိုအပ်မယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေက ကြားဝင်ဟန့်တားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up