Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 22, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲ အဟောင်းက ၁ အိတ်ကို ၅၄,၀၀၀ ကနေ ၅၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲထောပတ် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲထောပတ်က  ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၄,၅၀၀ ကျပ်ကနေ ငွေကျပ် ၁၂၈,၂၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၈၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၈,၂၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက ၁ အိတ်ကို ၃၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃၃,၉၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကုလားပဲ 929 မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ 929 က ၁ အိတ်ကို ၈၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၆,၀၀၀ ပေါက်ဈေးရှိပြီး ကုလားပဲ အများဆုံးဝင်တဲ့ ဆမုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၆,၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းညို မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၀၈,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၅,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စီပီပြောင်း ပြောင်း အဓိကထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ၂၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၈၀၀ ပေါက်ဈေးရှိပြီး ၁,၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၂၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၂၉,၂၀၀ ပေါက်ဈေးရှိပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024