ဖြူးမြို့အနီး ပဲခူးရိုးမတွင် ငလျင်ထပ်မံလှုပ်ခတ်
DVB
·
January 22, 2018
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ပဲခူးရိုးမမှာ ဒီနေ့ နေ့လယ်ပိုင်းက အင်အား အသင့်အတင့်ရှိ ငလျင်တခုလှုပ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ထုတ်ပြန်ပါတယ်။
နေ့လယ် ၂ နာရီ ၇ မိနစ်က ဖြူးမြို့ရဲ့ အနောက်ဘက် ရိုးမထဲမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာပါ။ ဒါဟာ ဇန်နဝါရီ ၁၂ ရက်က လှုပ်ခဲ့တဲ့ အင်အား ၆ ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ငလျင်ကြောအသစ်ဖြစ်ပါတယ်။
အခုငလျင်လှုပ်ခတ်နေတဲ့နေရာကို ရဲနွယ်ပြတ်ရွေ့လို့ ယာယီနာမည်ပေးထားပါတယ်။ ပဲခူးရိုးမထဲမှာ ဇန်နဝါရီ ၁၂ ရက်ကနေ အခုအချိန်အထိ အင်အား ရစ်(ခ်)တာ စကေး ၄ အထက်ရှိတဲ့ ငလျင်အကြိမ်ရေ ၁၁ ကြိမ် ရှိပြီ ဖြစ်ပါတယ်။