ဖြူးမြို့အနီး ပဲခူးရိုးမတွင် ငလျင်ထပ်မံလှုပ်ခတ်

  ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ပဲခူးရိုးမမှာ ဒီနေ့ နေ့လယ်ပိုင်းက အင်အား အသင့်အတင့်ရှိ ငလျင်တခုလှုပ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ထုတ်ပြန်ပါတယ်။ နေ့လယ် ၂ နာရီ ၇ မိနစ်က ဖြူးမြို့ရဲ့ အနောက်ဘက် ရိုးမထဲမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာပါ။ ဒါဟာ ဇန်နဝါရီ ၁၂ ရက်က လှုပ်ခဲ့တဲ့ အင်အား ၆ ရှိတဲ့ ငလျင်ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ငလျင်ကြောအသစ်ဖြစ်ပါတယ်။ အခုငလျင်လှုပ်ခတ်နေတဲ့နေရာကို ရဲနွယ်ပြတ်ရွေ့လို့ ယာယီနာမည်ပေးထားပါတယ်။ ပဲခူးရိုးမထဲမှာ ဇန်နဝါရီ ၁၂ ရက်ကနေ အခုအချိန်အထိ အင်အား ရစ်(ခ်)တာ စကေး ၄ အထက်ရှိတဲ့ ငလျင်အကြိမ်ရေ ၁၁ ကြိမ် ရှိပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up