A d v e r t i s e m e n t With Us

ရွှေ့ပြောင်းနေထိုင်သူ အယောက် ၇၀ ကို စပိန်ကမ်းခြေစောင့်တပ် ကယ်ဆယ်

ဓာတ်ပုံ - ရိုက်တာ
စပိန်နိုင်ငံတောင်ပိုင်းက အယ်လ်မာရီယာမြို့နားမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၇၀ ကို ဇန်နဝါရီ ၂၀ ရက် ညပိုင်းမှာ ကယ်ခဲ့တယ်လို့ စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ အလောင်းတလောင်းကိုလည်း ဆယ်ယူရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်လာတဲ့ လေမှုတ်ရာဘာလှေ ၂ စင်းကို အယ်လ်ဘိုရန်ပင်လယ်ထဲမှာ တွေ့ခဲ့တာပါ။ အဲဒီလှေတွေဟာ မော်ရိုကိုနိုင်ငံကနေ ထွက်လာတာ ဖြစ်ပါတယ်။ လှေတစင်းမြုပ်ခဲ့လို့ ရွှေ့ပြောင်းနေထိုင်သူ ၂ ဦး သေဆုံးခဲ့တယ်လို့လည်း ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို ဒေသခံ ငါးဖမ်းလှေတစင်းက ဝိုင်းကူခဲ့ပြီး လူ ၃၂ ဦးကို ကယ်ဆယ်ခဲ့သလို အလောင်းနှစ်လောင်းထဲက တလောင်းကိုလည်း ပြန်ဆယ်နိုင်ခဲ့တာပါ။ ရွှေ့ပြောင်းနေထိုင်သူတွေကို အယ်လ်မာရီယာ ဆိပ်ကမ်းဆီ ညတွင်းချင်း ပို့ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up