A d v e r t i s e m e n t With Us

ပုပ်ရဟန်းမင်းကြီး ချီလီနှင့် ပီရူးနိုင်ငံခရီးစဉ် အဆုံးသတ်

ဓာတ်ပုံ - ရိုက်တာ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ လူတသန်းကျော်ကို လူထုတရားပွဲ ဟောပြောချီးမြှင့်ပြီးနောက် ချီလီနဲ့ ပီရူးနိုင်ငံခရီးစဉ် အဆုံးသတ်လိုက်ပါတယ်။ လက်တင်အမေရိကတိုက်ဟာ အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေထဲ ကျွံဝင်နေပြီး ဒေသတွင်း နိုင်ငံအများစုရဲ့ နိုင်ငံရေးလည်း ဆိုးရွားနေတယ်လို့ သူ့ခရီးစဉ် မပြီးဆုံးခင် နာရီပိုင်းအလိုမှာ ပြောခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ၆ ရက်ကြာ ခရီးစဉ်မှာ ကက်သလစ်ကျောင်းတော်ရဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ပြဿနာတွေ အရိပ်ထိုးနေခဲ့တာပါ။ ကက်သလစ်ဘုန်းတော်ကြီးတပါးရဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု စွပ်စွဲချက်ဟာ လုပ်ကြံပြောဆိုမှုလို့ ပုပ်ရဟန်းမင်းကြီးက ချီလီနိုင်ငံခရီးစဉ်မှာ ပြောခဲ့တဲ့အတွက် ဒေါသထွက်တာတွေလည်း ရှိခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကျောင်းတော်မှာဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေကို အခုခရီးစဉ်အတွင်း လုံလောက်အောင် မဖြေရှင်းနိုင်ခဲ့ဘူးလို့ အများစုက ယူဆနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up