ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ရေး အာဆင်နယ် ဆွေးနွေးမည်

1.3K
ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းရေးလုပ်ဆောင်ဖို့ အာဆင်နယ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အိုင်ဗန်ဂါဇီဒစ်ဟာ ဂျာမနီကို ရောက်ရှိနေပါတယ်။
အူဘာမီယန်းကို ခေါ်ယူရေးအတွက် ပထမအကြိမ်အဖြစ် ပေါင် ၄၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းကတော့ အလျင်အမြန်ပဲ ပယ်ချခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလပိတ်ဖို့ ၁၀ ရက်သာ လိုတော့တဲ့အချိန်မှာ အူဘာမီယန်းကို အပြီးသတ် ခေါ်ယူလိုနေတာဖြစ်ပေမယ့် ဒေါ့မွန်အသင်းကတော့ ပေါင် ၅၃ သန်း အနည်းဆုံးရရှိမှသာ ရောင်းချလိုနေပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကိုပါ အလိုက်ပေးအနေနဲ့ အလိုရှိနေပါတယ်။
အာဆင်နယ်အသင်းကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ထွက်ခွာသွားခဲ့တဲ့ ဆန်းချက်ဇ်နေရာမှ အစားထိုးဖို့နဲ့ ဂိုးသွင်းခြေပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ အူဘာမီယန်းကို ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မစ်ခီတာယန်းကတော့ အာဆင်နယ်အသင်းနဲ့အတူ ဆေးစစ်မှုပြီးဆုံးခဲ့ပြီလို့ သိရပြီး လန်ဒန်ဟိုတယ်တခုမှာ တွေ့မြင်ရတဲ့ ဓာတ်ပုံတွေလည်း ပျံ့နှံ့နေခဲ့ပါတယ်။