စိတ်ကြွဆေးပြား ၂၀၀ ကျော် စအိုအတွင်း သယ်လာသည့် အမျိုးသားကို ရဲဖမ်းဆီး

ဓာတ်ပုံ - sanook
ထိုင်းနိုင်ငံမှာ စအိုအတွင်း မက်သဖက်တမင်း(ယာဘ) စိတ်ကြွမူးယစ်ဆေးအပြား ၂၀၀ ထည့်သွင်းသယ်ဆောင်လာတဲ့ အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ဖရာအိုခရိုင်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး သတင်းပေးချက်အရ အဲဒီအမျိုးသားကို ရဲတွေက စစ်ဆေးခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ အစပိုင်းမှာတော့ ရဲတွေဟာ အသက် ၂၇ နှစ်အရွယ် ပတ်တပွန် ချိုင်မွန်ကောလ် အမည်ရတဲ့ အမျိုးသားရဲ့ ခန္ဓာကိုယ်အနှံ့ ဘာမှမတွေ့ခဲ့ရဘဲ နောက်ပိုင်းမှာတော့ သူ့ရဲ့ အပြုအမူကို ရဲတွေက သံသယဝင်ခဲ့ကြတာမို့ အတွင်းခံဘောင်းဘီကို ချွတ်ခိုင်းခဲ့ချိန်မှာ တင်ပါးကြားညှပ်ထားတဲ့ အပြာရောင်အိတ်တလုံးကို စစ်ဆေးတွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။ ရဲတွေဟာ အဲဒီအိတ်ထဲမှာ ယာဘမူးယစ်ဆေးပြားစုစုပေါင်း ၂၀၃ ပြားကို ဖမ်းဆီးရမိခဲ့ကြတာပါ။ ပတ်တပွန်က ဒီဆေးပြားတွေကို တကိုယ်ရေအသုံးပြုဖို့အတွက်နဲ့ ဂျွန်ခရိုင်တွင်းမှ ဆယ်ကျော်သက်တွေကို ရောင်းချဖို့ ရည်ရွယ်ခဲ့တာလို့ ရဲတွေကို ဖြေခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်ထားမှု၊ ပြန်လည်ရောင်းချဖို့ ရည်ရွယ်မှုတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up