တိုက်စစ်မှူးအောင်သူနှင့် ထိုင်းရောက် မြန်မာပရိတ်သတ်များတွေ့ဆုံ (ရုပ်သံ)

1.4K
ထိုင်းကလပ် Police Tero FC အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူးအောင်သူကို ထိုင်းနိုင်ငံရောက် မြန်မာပရိတ်သတ်တွေက ဇန်န၀ါရီ ၂၁ရက်က လာရောက်တွေ့ဆုံခဲ့ပါတယ်။
ခုလိုတွေ့ဆုံနိုင်ဖို့ကို ထိုင်းရောက်မြန်မာဘောလုံးပရိတ်သတ်တွေကို ဖိတ်ခေါ်ကာ ကံကောင်းသူ အယောက် ၂၀လောက်ကို ရွေးချယ်ပြီး ကလပ်အသင်းပိုင် သီးသန့်ဘတ်စ်ကားနဲ့ အောင်သူဆီ ခေါ်ဆောင်လာပြီး တွေ့ဆုံခွင့်ပေးခဲ့တာဖြစ်ပါတယ်။
မြန်မာပရိတ်သတ်တွေလာရောက်တွေ့ဆုံတဲ့အပေါ် အောင်သူက “အများကြီးလည်းအားရှိတယ်။ အများကြီးလည်းပျော်တယ်ပေါ့။ ပရိသတ်တွေရှိနေလို့ ကျနော်လည်းအားရှိတာပေါ့။ သူများနိုင်ငံမှာလာပြီး ကန်တာဆိုတော့ ပရတ်သတ်တွေလည်းရှိတော့ ပိုပြီးတော့အားရှိတာပေါ့။ အဲဒီအတွက် ကျေးဇူးလည်းအများကြီး တင်ပါတယ်”လို့ပြောပါတယ်။
မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူဟာ ထိုင်းလိဂ်ဝမ်းကလပ် Police Tero အသင်းမှာ တရာသီစာ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပါတယ်။ ပြီးခဲတဲ့ ရာသီအကြိုပွဲစဉ် ၂ပွဲမှာ Police Tero FC အသင်းအတွက် အောင်သူက ၃ ဂိုးသွင်းယူပေးထားပါတယ်။