လီဗာပူးကို ပြောင်းရွှေ့ခဲ့သည့် ချိန်ဘာလိန်၏လုပ်ရပ် မှန်ကန်ဟုဆို

ဓာတ်ပုံ - Getty
1.3K
လီဗာပူးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ချိန်ဘာလိန်ရဲ့လုပ်ရပ် မှန်ကန်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
ချိန်ဘာလိန်ဟာ အာဆင်နယ်အသင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ၆ နှစ်တာ ကာလအတွင်း ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တရာသီကို ၂ ဂိုးသာ အများဆုံး သွင်းယူနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းကို ရောက်ရောက်ချင်း ရာသီမှာတော့ ချိန်ဘာလိန်အနေနဲ့ ၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး အကောင်းဆုံး ခြေစွမ်းပြနေတာပါ။
ချိန်ဘာလိန်ဟာ ဝက်စ်ဟမ်းအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်၊ ဆွမ်ဆီးအသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိတဲ့ ပွဲစဉ်နဲ့ မန်စီးတီးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တို့မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ တောင်ပံမှာထွက်ပြီး ကစားရတာထက် ကွင်းလယ်နဲ့ တိုက်စစ်မှာ လွတ်လွတ်လပ်လပ် ကစားရတာကို ပိုပြီးကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။
ချိန်ဘာလိန်ဟာ အာဆင်နယ်အသင်းရဲ့ တပတ်လုပ်ခ ပေါင် ၁ သိန်း ၈ သောင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းဆန်ပြီး လီဗာပူးအသင်းကို တပတ် လုပ်ခပေါင် ၁ သိန်း ၂ သောင်းနဲ့ ပြောင်းရွှေ့မှုဟာ မှန်ကန်ခဲ့ပြီးတော့ ကော်တင်ဟိုထွက်ခွာမှုမှာလည်း ချိန်ဘာလိန်ဟာ အကောင်းဆုံး ဖြည့်တင်းနိုင်ခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။