ဘာစီလိုနာတွင် ကော်တင်ဟို ပထမဆုံး လေ့ကျင့်ခန်း စဆင်း
ဘာစီလိုနာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့ ကော်တင်ဟိုဟာ အသင်းမှာ ပထမဆုံး လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပါတယ်။
ပေါင်ဒဏ်ရာကြောင့် ၃ ပတ်လောက် အနားယူနေခဲ့ရတာကနေ ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းသားတွေက ကော်တင်ဟိုကို ကြိုဆိုခဲ့ကြပါတယ်။
သူဟာ ကိုပါဒယ်ရေး ဒုတိယအကျော့မှာ ပါဝင်လာဖွယ်ရှိတယ်လို့ နည်းပြက ပြောကြားခဲ့ပါတယ်။
လီဗာပူးစတား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ အခု ပြောင်းရွှေ့ကြေးဟာ ဗြိတိန်ကလပ်တွေထဲက ကစားသမားကို စပိန်ကလပ်တခုက အမြင့်ဆုံးပေးတဲ့ ပြောင်းရွှေ့ကြေးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။