Home
မြန်မာသတင်း
ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပ
DVB
·
January 22, 2018
  စစ်ကိုင်းတိုင်း​ ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံကို ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ရုံးမှာ ဇန်နဝါရီ ၂၂ ရက် မနက်က ကျင်းပပါတယ်။ လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှူးကို ဆေးခိုဘောင်က “ကျနော်တို့ လူငယ်ညီလာခံကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ အနာဂတ်ကလေးတွေ နိုင်ငံရေး စိတ်ဝင်စားပြီး အရပ်ဘက်အဖွဲ့စည်းတွေ အားကောင်းဖို့ပါ။ ပါတီနိုင်ငံရေး အားကောင်းဖို့ လူငယ်ညီလာခံ ကျင်းပတယ်ဆိုတာကတော့ နောက်မျိုးသစ်တွေ နိုင်ငံရေးဦးဆောင်နိုင်အောင် ကျင်းပရတာ ဖြစ်တယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။ လူငယ်ညီလာခံကနေ မြို့နယ်လုပ်ငန်းအဖွဲ့ကို ၇ ဦးနဲ့ ဖွဲ့စည်းပေးပြီး အရံ ၅ ဦးတို့နဲ့ ဖွဲ့စည်းသွားမယ်လို့သိရပါတယ်။ ကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ မနှင်းအိဖြူက“ကျမတို့ ပြည်သူအတွက် ကောင်းကျိုးမှန်သမျှကို ကိုယ်တိုင်လုပ်ခွင့်တွေ ရချင်တယ်။ အနာဂတ်မှာစစ်မှန်တဲ့ ဒီမိုကရေစီ ရချင်တဲ့အတွက် ဒီညီလာခံ တက်ရောက်လာတာ ဖြစ်တယ်”လို့ ပြောပါတယ်။ လူငယ်ညီလာခံ တက်ရောက်လာတဲ့ ဇွဲမြင့်သူက “တိုင်းပြည်အတွက် လူငယ်တွေ ဦးဆောင်နိုင်မယ်လို့ မျှော်မှန်းတက်ရောက်လာခဲ့ပါတယ်။ ဒီလူငယ်ညီလာခံကနေတွေ လူပါဝင် လာအောင် လုပ်ဆောင်သွားမယ်။ အခုထိ ဒီမိုကရေမရသေးဘူး။ ဒါကြောင့် ကျနော်တို့ ဒီမိုကရေစီရအောင် အနာဂတ်လူငယ်တွေ ဦးဆောင်နိုင်အောင် လူငယ်ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်လာ”လို့ ပြောပါတယ်။ ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကို လူငယ် ၂၃ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်လူငယ်တာဝန်ခံက တိုင်းကိုယ်စားလှယ်အဖြစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ အောင်ဆန်းမြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024