A d v e r t i s e m e n t With Us

ဘေးလ်နှင့်ရော်နယ်ဒို ၂ ဂိုးစီသွင်းပြီး ရီးရဲလ်က ဒီပို့တီဗိုကို ၇ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံ)

မနေ့ညက ဒီပို့တီဗိုအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အောင်ပွဲခံခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုက ၂ ဂိုးသွင်းယူခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ရော်နယ်ဒိုဟာ သူ့ရဲ့ ဒုတိယဂိုးသွင်းယူတဲ့အချိန်မှာ ဒီပို့တီဗိုနောက်ခံလူ ဆက်ရှ်ရှာနဲ့ ထိခိုက်မိပြီး နားထင်ကွဲတဲ့ ဒဏ်ရာလည်း ရရှိခဲ့ပါတယ်။ သူဟာ ဆေးကုသမှု ခံယူပြီးတဲ့အချိန်မှာ ဆေးမှူးရဲ့ဖုန်းကိုယူပြီး ဒဏ်ရာကိုကြည့်ခဲ့တဲ့ အပြုအမူက ပရိသတ်တွေအတွက် သဘောကျစရာ ဖြစ်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ ရော်နယ်ဒိုဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်အသင်းက ၇ ဂိုး  ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အောင်ပွဲခံခြင်း မရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဂါရတ်ဘေးလ်လည်း ၂ ဂိုးသွင်းယူပေးခဲ့သလို လူငယ်ကစားသမား နာချိုဖာနန်ဒက်စ်က ၂ ဂိုး၊ လူကာမိုဒရစ်က ၁ ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုနှစ်ရာသီမှာ ဂိုးသွင်းခြေပျောက်ဆုံးနေခဲ့တဲ့ ရော်နယ်ဒိုဟာ အခုပွဲမတိုင်ခင်ထိ ၄ ဂိုးသာ သွင်းယူပေးထားနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up