ဖိလစ်ပိုင် မာယွန်မီးတောင် ပေါက်ကွဲမည့် ထိပ်တန်းသတိပေးချက် ထုတ်ပြန်ဆဲ
ဖိလစ်ပိုင်နိုင်ငံ အယ်ဘိုင်ပြည်နယ်ရှိ မာယွန်မီးတောင် ပေါက်ကွဲမယ့် ထိပ်တန်း သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်တယ်လို့ ပညာရှင်တဦးက ဇန်နဝါရီ ၂၀ ရက်က ပြောကြားခဲ့ပါတယ်။
မီးတောင်ပညာရှင်တဦးက “မာယွန်မီးတောင်ဟာ လောလောဆယ် သတိပေးချက် အဆင့် ၃ မှာ ရှိပါတယ်။ မီးတောင်ကနေ ချော်ရည် ပန်းထွက်နိုင်တဲ့ အခြေအနေမှာ ရှိနေသလို ပေါက်ကွဲမှုတွေ ဖြစ်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ကျနော် အနီးကပ် စောင့်ကြည့်နေ ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက “မီးတောင်ဝကနေ ၆ ဒါမှမဟုတ် ၇ ကီလိုမီတာ အကွာအဝေးအတွင်းမှာ ဘေးလွတ်ရာ ပြောင်းရွှေ့ရေးစခန်းတွေ ရှိပါတယ်။ အဲဒီစခန်း ၂၆ ခုမှာ ရွာ ၃၂ က လူ ၂၅,၀၀၀ လောက် မိသားစုဝင် ၆,၅၀၀ လောက် ရောက်ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မာယွန်မီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အကြီးဆုံး လူဇုံကျွန်းမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၄ ကြိမ် ပေါက်ကွဲခဲ့ကာ သူရဲ့ ကန်တော့ပုံ အချိုးအစား ကျနမှုကြောင့် ကမ္ဘာမှာ ထင်ရှားတယ်လို့ သိရပါတယ်။