နာမည်ကြီး ပီအက်စ်ဂျီ လိုင်ယွန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

1.2K
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ နာမည်ကြီး ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
မန်ယူတိုက်စစ်မှူးဟောင်း မန်းဖစ်ဒီပေးရဲ့ အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုပွဲရလဒ်ကြောင့် နှစ်သင်းစလုံးရဲ့ အမှတ်ကွာခြားချက်ဟာ ၈ မှတ်သာ ရှိပါတော့တယ်။
အဓိကကစားသမား အန်ဘာပေးရဲ့ ပွဲကစားချိန် ၃၆ မိနစ်မှာ ဒဏ်ရာရရှိမှုနဲ့အတူ ပွဲကစားချိန် ၅၇ မိနစ်မှာတော့ အဲလ်ဗတ်စ် အနီကတ်ပြခံခဲ့ရတာဟာ ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဒီဂျွန်ကို တဦးတည်း ၄ ဂိုးသွင်းခဲ့တဲ့ နေမာဟာ တံကောက်ကြော ဒဏ်ရာရရှိနေခဲ့တာကြောင့် ပါဝင်လာခြင်းမရှိဘူးလို့ သိရပါတယ်။