အကြမ်းဖက်တိုက်ခိုက်ခံနေရသည့် ဟိုတယ်ကို အထူးတပ်ဖွဲ့ ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ ဟိုတယ်မှာ အထူးတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းနေသလို ဟိုတယ်မှာ တည်းခိုနေသူတွေဟာလည်း လိုက်ကာတွေ အိပ်ယာခင်းတွေကိုသုံးပြီး ဟိုတယ်ကနေ လွတ်မြောက်အောင် ကြိုးပမ်းနေရပါတယ်။
အာဖရန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က Intercontinental ဟိုတယ်အကြမ်းဖက် တိုက်ခိုက်မှုဟာ ဇန်ဝါရီ ၂၀ ရက် စနေနေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက် တနင်္ဂနွေနေ့အထိ အာဖဂန်အထူးတပ်ဖွဲ့က လက်ကျန်အကြမ်းဖက်သမားတွေကို ဟိုတယ် တထပ်ပြီးတထပ် တိုက်ခိုက်ရှင်းလင်းနေတာဖြစ်ပါတယ်။
အခုချိန်ထိ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဒန်းနစ်ရှ် ကပြောကြားပါတယ်။
အခုတိုက်ခိုက်မှုမဖြစ်ခင် ရက်ပိုင်းအလိုက ကဘူးမြို့တော်က ဟိုတယ်တွေကို အကြမ်းဖက် တိုက်ခိုက်နိုင်ငံခြေရှိတယ်လို့ အမေရိကန်သံရုံးက သတိပေးခဲ့ပါသေးတယ်။
အခုအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ လက်သည်တရားခံဘယ်သူဆိုတာကို အခုချိန်ထိ ဘယ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောကြားတာမျိုး မရှိသေးပါဘူး။
“ကျနော်တို့ လူ ၁၀၀ ကျော်ကို ကယ်တင်ထားပါတယ်။ အဲဒီလူတွေထဲမှာ ၁၆ ယောက်က နိုင်ငံခြားသားတွေဖြစ်ပြီး သူတို့ထဲမှာ ၈ ယောက်က အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာကို ပို့ထားပါတယ်။ အခုလောလောဆယ် ရှာဖွေ၊ ရှင်းလင်းရေးလုပ်ငန်းတွေကို ဟိုတယ်ရဲ့ ၆ လွှာမှာလုပ်နေပါတယ်။ ကနဦးရရှိတဲ့ သတင်းအရ လူ ၅ ဦးထိသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားပါတယ်” လို့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ် ဒန်းနစ်ရှ် ကပြောကြားသွားတာ ဖြစ်ပါတယ်။