A d v e r t i s e m e n t With Us

အစ္စရေးနှင့်ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေး ကူညီမည်ဟု အမေရိကန် ဒုသမ္မတ ပြော

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ သဘောတူပါက နှစ်နိုင်ငံပဋိပက္ခဖြေရှင်းရေးကို အမေရိကန် အနေနဲ့ ကူညီသွားမှာဖြစ်တယ်လို့ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က အီဂျစ်သမ္မတ အယ်လ်စီစီကို ပြောကြားလိုက်ပါတယ်။ အမေရိကန် ဒုသမ္မတ  မိုက်ပန့်စ်ဟာ အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဇန်န၀ါရီ ၂၀ ရက်က အီဂျစ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်ရဲ့ အခုခရီးစဉ်ဟာ အမေရိကန်က ဂျေရုဆလင်ကို အစ္စရေး မြို့တော်အဖြစ် အသိမှတ်ပြုပြီးနောက်ပိုင်း အမေရိကန် အစိုးရဘက်က  အဆင်မြင့်ဆုံး ပုဂ္ဂိုလ်တဦး လာရောက်တာဖြစ်ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်က “အီဂျစ်သမ္မတ အယ်လ်စီစီက ကျနော်တို့ရဲ့ ဂျေရုဆလင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သဘောမတူဘူးလို့ ကျနော့်ကို ပြောခဲ့ပါတယ်။ သမ္မတ ထရမ့်က   အဲဒီလို ဆုံးဖြတ်ခဲ့ပေမယ့် ဂျေရုဆလင် အထွတ်အမြတ်နေရာတွေနဲ့ ပတ်သက်ပြီး အရင်အတိုင်း သတ်မှတ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ နှစ်ဘက်ကြား ညှိနှိုင်းရမယ့် အရေးကိစ္စတွေနဲ့ ပတ်သက်လို့ နယ်နိမိတ် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။ နှစ်ဘက်သဘောတူရင် အစ္စရေး-ပါလက်စတိုင်း ညှိနှိုင်း အဖြေရှာတာကို ကျနော်တို့ ထောက်ခံမှာပါ။ အဲဒီ သတင်းစကားကို သမ္မတ အယ်လ်စီစီ အားတက်မိမယ်လို့ ကျနော်ထင်ပါတယ်” “သမ္မတ အယ်လ်စီစီကို ကျနော်ပြောချင်တဲ့ သတင်းစကားက အမေရိကန်ပြည်သူတွေနဲ့ သမ္မတဟာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုကြောင်း ပြောကြားပြီးပါပြီ။ အခု ကျနော်တို့ဟာ ကာလရှည်ကြာ ဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းပြီး ဆယ်စုနှစ်ကြာ ဒီပဋိပက္ခကို ကူညီဖြေရှင်းဖို့ အသင့်ပါပဲလို့ ပြောကြားချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်ရဲ့ ၃ ရက်ကြာ အရှေ့ အလယ်ပိုင်းခရိးစဉ်မှာ ဂျော်ဒန်နဲ့ အစ္စရေးနိုင်ငံတို့လည်း ပါဝင်ပါတယ်။ ဂျေရုဆလင်ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မိုက်ပန့်စ်ဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ် အီ၈ျစ်နိုင်ငံကို စိတ်ပူပန်မှုမရှိဖို့ ပြောကြားခဲ့ ပါတယ်။

A d v e r t i s e m e n t With Us

More News
Up