A d v e r t i s e m e n t With Us

လောင်းကစားပြုလုပ်နေသည့် ငါးမန်းဂိမ်းဆိုင်ကို တာဝန်ရှိသူများ ၀င်ရောက်ဖမ်းဆီး

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ညောင်ရိပ်သာရပ်၊ ပိတောက်လမ်း၊ အားတီဆိုသူရဲ့နေအိမ်မှာ တရားမဝင်လောင်းကစားပြုလုပ်နေတဲ့ ငါးမန်းဂိမ်းဆိုင်ကို ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက ခရိုင်မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဦးဆောင်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အခုလိုဖမ်းဆီးရာမှာ ငါးမန်းဂိမ်းစက် ၅ လုံးမှာ တရားမဝင်လောင်းကစားပြုလုပ်နေတဲ့ ကျား ၁၂ ဦး၊ မ ၃ ဦး စုစုပေါင်း ၁၅ ဦးတို့ကို လောင်းကြေးငွေ ၄ သိန်းကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ ရဲတပ်ဖွဲ့က ဂိမ်းဆိုင်အတွင်းတွေ့ရတဲ့ ဂိမ်းစက် ၅ လုံး၊ ဖုံးမျိုးစုံ ၁၂ လုံး၊ ဆိုင်ကယ်မျိုးစုံ ၆ စီး၊ စာရင်းစာအုပ်၊ မီးစက်၊ ပလပ်စတစ်ထိုင်ခုံ ၂၅ လုံး၊ ငွေစက္ကူ ၄၄၂၈၀၀ ကျပ်တို့ကို သက်သေခံပစ္စည်းတွေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။ လူ ၁၅ ဦးကိုလည်း ဖမ်းဆီးကာ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up