A d v e r t i s e m e n t With Us

တောင်နှင့်မြောက်ကိုရီးယား ရေခဲပြင်ဟော်ကီကစားသမားများ တနိုင်ငံတည်းအဖြစ် ယှဉ်ပြိုင်မည်

တောင်​ကိုရီးယားအမျိုးသမီး ​ရေခဲပြင်​​ဟော်​ကီအသင်းမှာ ​မြောက်​ကိုရီးယား အမျိုးသမီးကစားသမား​တွေ ပူး​ပေါင်းပြီး တ​နိုင်​ငံတည်းအဖြစ်​ လာမယ့် ဆောင်းရာသီအိုလံပစ်​ပြိုင်​ပွဲကို ဝင်​​ရောက်​ယှဉ်​ပြိုင်​သွားမယ်​လို့ သိရပါတယ်​။ ​​နှစ်​နိုင်​ငံစလုံးက ကစားသမား​တွေဟာ ဘုံအလံအဖြစ်​ သ​ဘောတူညီထားတဲ့အ ​လံတစ်​ခုတည်း​အောက်​မှာ ပြိုင်​ပွဲဝင်​သွားမှာ ဖြစ်​ပါတယ်​။ ​မြောက်​ကိုရီးယားအမျိုးသမီး ကစားသမား ၁၂ ဦးဟာ ​ရေခဲပြင်​​ဟော်​ကီအသင်းမှာ ပါဝင်​မှာဖြစ်​ပြီး​တော့ အနည်းဆုံးကစားသမား ၃ ဦးကို ပွဲထွက်​ကစားခွင့် ပေးရမှာလည်း ဖြစ်​ပါတယ်​။ ဒါ့အပြင်​ ​တောင်​ကိုရီးယားနိုင်​ငံ ပြုံချမ်းမြို့မှာကျင်းပမယ့် ၂၀၁၈​ ဆောင်းရာသီ အိုလံပစ်​ပြိုင်​ပွဲကို ​မြောက်​ကိုရီးယားအားကစားသမား ၂၂​ ယောက် ​စေလွှတ်​ယှဉ်​ပြိုင်​​စေမယ်​လို့ သိရပါတယ်​။ ​မြောက်​ကိုရီးယားနဲ့​ တောင်​ကိုရီးယားတို့ဟာ အခုလအ​စောပိုင်းက ၂ ​နှစ်​အတွင်း ဆက်​ဆံ​ရေး အ​ကောင်းဆုံးပံစံအဖြစ်​ ညှိနှိုင်းမှုအချို့ ပြုလုပ်​နိုင်​ခဲ့ပါတယ်​။ ပြီးခဲ့တဲ့ စ​နေ​နေ့က အပြည်​ပြည်​ဆိုင်​ရာ အိုလံပစ်​​ကော်​မတီအ​နေနဲ့​ မြောက်​ကိုရီးယားအားကစားသမား​တွေ ​ဆောင်းရာသီအိုလံပစ်​ပြိုင်​ပွဲမှာ ပါဝင်​​ရေး ​ဆွေး​နွေးခဲ့ပါတယ်​။ IOC ရဲ့ဥက္ကဋ္ဌ ဘက်​ခ်ျ​က​တော့ ဒီပြိုင်​ပွဲဟာ ​ကိုရီးယားကျွန်းဆွယ်​ဆက်​ဆံ​ရေးအတွက်​ ပွင့်​လန်းလာမယ့် အနာဂတ်​ဖြစ်​သလို ခရီးရှည်​ကြီးရဲ့ မိုင်​တိုင်​တစ်​ခုဖြစ်​လာမယ်​ဆို့ ဆိုပါတယ်​။ ဒါ့အပြင်​ အိုလံပစ်​စိတ်​ဓာတ်​ဆိုတာ ​လေးစားမှု၊နားလည်​မှုနဲ့ ​ဆွေး​နွေးတိုင်​ပင်​မှုဖြစ်​တယ်​လို့လည်း ဆိုပါတယ်​။ မြောက်​ကိုရီးယားအသင်းဟာ နှင်း​လျှောစီးကစားနည်းနဲ့ ​ရေခဲပြင်​စကိတ်​အားကစားနည်း​တွေမှာလည်း ပါဝင်​ယှဉ်​ပြိုင်​သွားမယ်​လို့ သိရပါတယ်​။

A d v e r t i s e m e n t With Us

More News
Up