Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် ရိုးရာအစားအစာ ခေါပုတ်လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်သူများပြားလာ
DVB
·
January 21, 2018
26908116_527296930959376_5379789557431182478_n
26904173_527296837626052_1558130380058563728_n
26804502_527296867626049_2187162734308354788_n
26734067_527296810959388_8058217106847320681_n
26238826_527296950959374_2164879568555258561_n
  ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ရိုးရာစားစရာခေါပုတ်လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်နေ သူတွေ များပြားလာပါတယ်။ အရင်က မိုးညှင်းမြို့မှာ ခေါပုတ်ဆိုင် ၂၀ လောက်သာ လုပ်ကိုင်ပေမယ့် အခုအခါမှာတော့ ခေါပုတ်ရောင်းအားကောင်းလာတဲ့အတွက် ခေါပုတ်ဆိုင် ၅၀ လောက် စီပွားဖြစ်လုပ်ကိုင်လာကြတာပါ။ နှစ်စဉ်ကောက်သစ်ပေါ်ချိန် သီတင်းကျွတ်လမှ တပေါင်းလအထိ ဒေသခံတွေက ခေါပုတ်ကို နှစ်သက်စွာ စားသုံးကြပြီး ဒေသထွက်ရာသီစာအဖြစ် မြန်မာပြည် အောက်ပိုင်း ဒေသတွေကို လက်ဆောင်ပေးတဲ့ အဓိက အစားအစာလည်းဖြစ်သလို နိုင်ငံခြားရောက် မြန်မာများကလည်း မှာယူစားသောက်ကြကြောင်း သိရပါတယ်။ ခေါပုတ် ကို ကောက်ညှင်းဆန်ရေစိမ်ပေါင်းပြီး ဆားသင့်ယုံထည့်ကာ မောင်းနဲ့ထောင်း ထောင်းပြီး ပျားဖယောင်းဆီ နှမ်းထောင်းတို့နဲ့ မကပ်အောင်အလုံးလေးတွေ ပြုလုပ်ပြီး အပြား ပြုလုပ်ရတာပါ။ ပြုလုပ်ပြီးတဲ့ ခေါပုတ်ပြားတွေကို မီးကင်ကာ ဆီတို့ဖူး ခရမ်းချဉ်သီးဖုတ်ထောင်း ကြံသကာ၊ သကြား၊ နှမ်းထောင်းစတဲ့ မိမိနှစ်သက်ရာတို့နဲ့တို့ပြီးစားကြပါတယ်။ ခေါပုတ်ပြုလုပ်သူတဦးက “ဆောင်းမကျွတ်မချင်းတော့ ရောင်းကောင်းပါတယ်။ အေးတော့ ညညမီးကင်ရောင်းတာ လက်မလယ်ဘူး။ တရက်ဆန်တတင်းတော့ ပုံမှန်ကုန်တယ်။ အောက်ပိုင်း တို့ ယိုးဒယား၊ ကိုးရီးယား၊ တရုတ်ပြည် ပို့ဖို့မှာကြရင်တော့ တတင်းခွဲ ၂တင်းလောက် လုပ်ရပါတယ်။ ၅ ရာဖိုးကို ၆ ချပ်ပါ။ ဆိုင်မှာကင်ရောင်းရင်တော့ တချပ် တရာပါ”လို့ ပြောပါတယ်။ “ကျမတို့ကတော့ ခေါပုတ်ကို မထောင်းနိုင်တော့လို့ စက်နဲ့ပဲ ကြိတ်ပါတယ်။ ဖောက်သယ် ပေးတော့စက်နဲ့မှ နိုင်တယ်။ ခေါပုတ်ကြိတ်စက်ကို ဗန်းမော်ဘက်မှာ သွားဝယ်ခဲ့တာ”လို့ ခေါပုတ် လက်လီလက်ကားပေးသူတဦးက ပြောပါတယ်။ မိုးညှင်းမြို့က ဆောင်းရာသီမနက်နဲ့ညဈေးတန်းများမှာ ခေါပုတ်မီးကင်ဆိုင် အများအပြား ရှိနေပြီး ဝယ်စားသူတွေနဲ့ စည်ကားနေတဲ့ စီးပွားရေးဈေးကွက်တခုပဲ ဖြစ်ပါတယ်။ ပေးပို့ - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024