မြောက်ကိုရီးယား အားကစား ကြီးကြပ်ရေးအဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိ

1.3K
တောင်ကိုရီးယားမှာကျင်းပမယ့် အိုလံပစ်အားကစားပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားအားကစားအဖွဲ့ရဲ့ ကြည့်ကြပ်ရေးအဖွဲ့ဟာ ဇန်နဝါရီ ၂၁ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
မြောက်ကိုရီးယား အားကစားအဖွဲ့ရဲ့ ကြည့်ကြပ်ရေးအဖွဲ့ဟာ ဆိုးလ်မြို့တော်ကို ဇန်နဝါရီလ ၂၁ ရက် အစောပိုင်းမှာ ရောက်ရှိပြီး၊ အိုလံပစ်ပွဲကျင်းပမယ့် ဂန်နန်းမြို့ကို သွားမယ့် မီးရထားပေါ်ကို တက်ရောက်သွားပြီလို့ တောင်ကိုရီးယားနိုင်ငံ တောင်နဲ့မြောက်ကိုရီးယား ပေါင်စည်းရေးဝန်ကြီးဌာနက ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတဦးကပြောကြားပါတယ်။
မြောက်ကိုရီးယား ကြည့်ကြပ်ရေးအဖွဲ့ကို ဟွန်ဆောင်ဝိုး ဆိုသူက ဦးဆောင်လာတာ ဖြစ်ပါတယ်။
သူဟာ မြောက်ကိုရီးယားမှာ နာမည်ကြီးတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ဖြစ်တဲ့ မိုရန်ဘွန်း အဖွဲ့ရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။
မူလက မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ဝင် ၇ ဦဟာ ဇန်နဝါရီလ ၂၀ ရက်မှာ တောင်ကိုရီးယားကို လာရောက်ဖို့ စီစဉ်ထားပေမယ့် တစုံတရာအကြောင်းပြချက်မရှိဘဲ အဲဒီအစီအစဉ်ကို ပယ်ဖျက်ခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဆောင်းရာသီအိုလံပစ်ပွဲမှာ မြောက်ကိုရီးယားပါဝင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သံသယဖြစ်ခဲ့ရပါတယ်။
တောင်ကိုရီးယားမှာ ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ၇က်အထိ ကျင်းပမယ့် ပြုံးချမ်းဆောင်းရာသီ အားကစားပွဲမှာ မြောက်ကိုရီးယားအားကစားသမား ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
သူတို့ဟာ အာစားနည်း ၃ ခုမှာ ပြိုင်ပွဲ ၅ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ပြေကြားထားပါတယ်။