မောင်တောတွင် အကြမ်းဖက်သမားများ မြှုပ်နှံထားသည့် လက်လုပ်မိုင်းတွေ့ရှိ

  မောင်တောမြို့နယ်၊ ဘဒကာဒေ၀ါနဒီကျေးရွာဟောင်းအတွင်းရှိ နေအိမ်ခြံဝင်းအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ မြှုပ်နှံထားတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘဒကာဒေ၀ါနဒီကျေးရွာအနီးမှာ မနေ့က မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေရာ အဆိုပါကျေးရွာ၏မြောက်ဘက် မီတာ ၃၀၀ လောက်အကွာရှိ နေအိမ်ခြံဝင်းအတွင်းမှ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ ကားပစ္စတင်နဲ့ ပြုလုပ်ထားတဲ့ ၀ါယာရှော့ခ်လက်လုပ်မိုင်းဟောင်းတလုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနေရာတ၀ိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up