နယ်စပ်တွင် ထိုင်း-မြန်မာ ပူးပေါင်းကင်းလှည့်စစ်ဆေး
DVB
·
January 21, 2018
စစ်လက်နက် မှောင်ခိုကူးတာ၊ အလုပ်သမား လူကုန်ကူးတာနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေကို နှိမ်နင်းဖို့နဲ့ ကာကွယ်တားဆီးဖို့အတွက် မိုးရေးမြစ်တလျှောက် ထိုင်းနဲ့မြန်မာ ပူးပေါင်းပြီး နယ်စပ်မှာ ကင်းလှည့်စစ်ဆေးခဲ့ပါတယ်။
ပူးပေါင်းကင်းလှည့်စစ်ဆင်ရေးမှာ ထိုင်းနိုင်ငံဘက်ခြမ်းက မဲဆောက်အခြေစိုက် အမှတ် ၁၄ ခြေလျင်တပ်၊ အမှတ် ၃၅ ရိန်းဂျားတပ်နဲ့ ထဆောင်ရန်အခြေစိုက် ခရိုင်နဲ့ နယ်ခြားစောင့်ရဲတွေ ပါဝင်ပြီး မြန်မာဘက်ကတော့ တိုင်းတပ်မ ၂၂ လက်အောက်ခံ တပ်မ ၂၈ နဲ့ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တွေ ပါဝင်တယ်လို့ သိရပါတယ်။
ပူးပေါင်းကင်းလှည့် စစ်ဆင်ရေးကို ထဆောင်ရန်ခရိုင် ဘန်မဲ့ဆောင်ဒေသနဲ့ ဘန်မဲ့စလစ်လူရန်ဒေသကြားက မိုးရေးမြစ် ၁၄ ကီလိုမီတာ တလျှောက်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်က လှေ ၄ စီးနဲ့ ပြုလုပ်ခဲ့တာပါ။
နယ်စပ် ၂ ခုကြား တရားမဝင် လှုပ်ရှားမှုတွေ၊ လူကုန်ကူးမှုတွေ လက်နက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကို နှိပ်နင်းတားဆီးဖို့ ၂ နိုင်ငံ ပူးပေါင်းကင်းလှည့် စစ်ဆင်ရေးကို လုပ်ခဲ့တာလို့ အမှတ် ၁၄ ခြေလျင်တပ်ရင်းရဲ့ တပ်မှူး အာဆာလာဟာ ပွန်စူဝန်က ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။