သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက်တွင် ငလျင်လှုပ်
DVB
·
January 21, 2018
သံတွဲမြို့ရဲ့ အနောက်-အနောက်တောင်ဘက်မှာ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲကျော်လာက်မှာ သံတွဲမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၉ မိုင်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။