A d v e r t i s e m e n t With Us

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၃ မျိုး ကြေညာ

  သုံးစွဲရန်မသင့်တဲ့ အလှကုန်ပစ္စည်း ၃ မျိုးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ကြေညာပါတယ်။ MEIYONG Seaweed Super Whitening Extra Whitening & Face Lift၊ O-White Extra Set Cream Special Formula၊ Dr.YANHEE Skin Care Set စတဲ့ အလှကုန် ပစ္စည်း ၃ မျိုးကို သုံးစွဲဖို့ မသင့်ကြောင်းကြေညာခဲ့တာပါ။ အခု ထုတ်ပြန်တဲ့ အလှကုန် ၃ မျိုးဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှာ မှတ်ပုံတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေတဲ့ တားမြစ်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သုံးစွဲဖို့ မသင့်ကြောင့် သတိပေးထားပါတယ်။ အဆိပ်သင့်ဓာတုပစ္စည်းတွေဟာ အရေးပြားယားယံ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေ ထွက်ပေါ်တာ၊ အရေးပြားမှတဆင့် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူပြီး ထုံကျဉ်တာ၊ ကြွက်သား တခုခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးတာနဲ့ တခြားရောဂါတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆေးဝါးကွပ်ကဲရေးဌာနမှာ မှတ်ပုံမတင်ထားဘဲ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာခြင်းမရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up