A d v e r t i s e m e n t With Us

ချက်နိုင်ငံ မြို့တော်ပရက်ဂ်ရှိ ဟိုတယ်တခု မီးလောင်

ဇန်န၀ါရီ ၂၀ ရက်က ချက်သမ္မတနိုင်ငံမြို့တော် ပရက်ဂ်ရဲ့ အချက်အခြာမှာရှိတဲ့ ဟိုတယ်တခု မီးလောင်ခဲ့တဲ့အတွက် လူ ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အမျိုးသား ကဇာတ်ရုံအနီးရှိ  Eurostars David Hotel မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာ ရသူတွေထဲမှာ ၅ ဦးဟာ ဒဏ်ရာပြင်းတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ကပြောပါတယ်။ ပရက်ဂ် မီးသတ်တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က “ကျနော် လူအယောက် ၄၀ ကို ကယ်ဆယ်ရေး အဖွဲ့ထံ လွှဲပေးခဲ့ပါတယ်။ တချို့က  အတော်လေး စိုးရိမ်ရပါတယ်။ မီးသတ်သမား နှစ်ဦးလည်း ဒဏ်ရရခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ ချက်မီဒီယာတွေကတော့ ဒဏ်ရာရသူ အများစုဟာ မီးခိုးငွေ့ရှူမိလို့ဖြစ်ပြီး ဆေးရုံပို့ဆောင်ရခြင်း မရှိဘူးလို့ ဆိုပါတယ်။ အဲဒီ ဟိုတယ်ဟာ ဧည့်သည် ၁၅၂ ဦး တည်းခိုနိုင်တယ်လို့ ဆစ်ဇ်နမ်ပရက်ဗီ (Seznam Zpravy) သတင်း ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပြီး ဟိုတယ်မီးလောင်ရတဲ့ အကြောင်းကို မသိရသေးဘူးလို့ ရိုက်တာ သတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up