Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် အမှိုက်ပုံ နှစ်နိုင်ငံပူးပေါင်းရှင်းလင်း
DVB
·
January 21, 2018
26904774_201756963710279_2266045539638878980_n
26903911_201757073710268_5782399483461404435_n
26814815_201756930376949_4888129007187584896_n
  အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရဲ့ နယ်စပ်တလျောက်ရှိ အမှိုက်ပုံကို အခုလ ၂၀ ရက်နေ့က နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းခဲ့ကြပါတယ်။ အဲဒီအမှိုက်တွေကို မနက် ၈ နာရီက စတင်ရှင်းလင်းကြပြီး နေ့လယ် ၁၂ နာရီလောက်မှ ရပ်နားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယစစ်တပ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကြပြီး  မြန်မာ နိုင်ငံဘက်မှ စည်ပင်၊ မီးသတ်တပ်ဖွဲ့နဲ့ အစိုးရဌာနဆိုင်ရာများ ပါဝင် လုပ်အားပေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဘက်မှ လုပ်အားပေးသူတွေကို နန်းဖာလုံဈေးအဖွဲ့က ကောက်ညှင်းပေါင်း၊ အကြော်တို့နဲ့ ဧည့်ခံခဲ့ပါတယ်။ အဲဒီအမှိုက်ပုံနေရာကို အိန္ဒိယဘက်က အမှိုက်မပစ်ဖို့ ဆိုင်းဘုတ်ထောင်တားမြစ်ထားပြီး အမှိုက်စွန့်ပစ်သူတွေကိုလည်း အရေးယူသွားမယ်လို့ အိန္ဒိယ အရပ်ဘက်အဖွဲ့အစည်းတခုက ပြောပါတယ်။ နယ်စပ်တစ်လျောက် အမှိုက်ရှင်းလင်းမှုကို နှစ်နိုင်ငံ ပူးပေါင်းပြီး အပတ်စဉ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ သတင်း - Gaung Gaung
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024