ကစားသမား ထွက်ခွင့်မတောင်းပါက ရောင်းချမည်မဟုတ်ဟု ဂျူဗင်တပ်ဥက္ကဋ္ဌပြော

1.3K
ကစားသမားက ထွက်ခွာခွင့် မတောင်းမခြင်း ရောင်းချမှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်အသင်းရဲ့ ဥက္ကဋ္ဌ မာရော့တာက ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်ခြေစွမ်းပြ တိုက်စစ်မှူး ပေါ်လိုဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခုစကားကြောင့် မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ရပါတယ်။
ဒါ့အပြင် ဒိုင်ဘာလာဟာ အသင်းနဲ့စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အတွက် ရောင်းချဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒိုင်ဘာလာဟာ အသက် ၂၄ သာ ရှိသေးပြီး ၂၈ ပွဲမှာ ၁၇ ဂိုးထိ သွင်းယူပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးတဲ့ အချိန်ကလည်း ဆန်းချက်ဇ်ကို ခေါ်ယူထားပြီး တိုက်စစ်ကို မြှင့်တင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။