မတရားဥပဒေပုဒ်မတပ်ပြီး ဖမ်းဆီးခံရမှု ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်
ကျော်ဇေယျာဝင်း
·
January 21, 2018
ကျောင်းသားလူငယ်တွေ၊ သတင်းသမားတွေ၊ တိုင်းရင်းသားလူငယ်တွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတခု ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
မတရားဥပဒေပုဒ်မတွေတပ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ တရားစွဲဆိုခြင်းနဲ့ ပြစ်ဒဏ်များ ချမှတ်ခြင်းတွေနဲ့ပတ်သက်ပြီး ပြုလုပ်တာဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတဦးက ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ လှည်းတန်းနဲ့ အင်လျားကန်ဘောင်တို့မှာ မနေ့ညနေပိုင်းက လှုပ်ရှားမှု နှစ်ကြိမ်ခွဲပြုလုပ်ခဲ့တာပါ။