A d v e r t i s e m e n t With Us

ပွင့်ဖြူတွင် တရားမ၀င်သစ်တင်ယာဉ်တစီး ရေမြောင်းအတွင်းထိုးကျ၊ ၃ ဦး သေဆုံး

  တရားမဝင်​ သစ်​ခွဲသားတွေတင်​လာ​တဲ့ ၆ ဘီးယာဉ်​တစီးဟာ ပွင့်ဖြူမြို့နယ်အတွင်းမှာ  ဇန်နဝါရီ ၂၀ ရက်နေ့မနက်​ ၃ နာရီခွဲက မုန်း​​မြောင်းမကြီး​ဘောင်​​ပေါ်ကနေ​ ​မြောင်းအတွင်းထိုးကျပြီး ယာဉ်ပေါ်လိုက်​ပါလာသူ ၃ ဦး ​သေဆုံး​ခဲ့ပါတယ်​။ မဲဇလီ ​ကျေးရွာ​​နေ ​ကျော်​ထက်​ဦး ​မောင်းနှင်​လာပြီး တရားမဝင်​ သစ်ခွဲသား ၁.၅ တန်​ ​တင်​​ဆောင်​လာ​တဲ့ အဝါ​ရောင်​ ၆ ဘီးတပ်​ စက်​မှုဇုန်ဆင်​ကား ​မော်​​တော်​ယာဉ်​ဟာ မဲဇလီ-​ရှောက်​​တော ​ကျေးရွာသွား ​မြောင်း​ဘောင်​အတိုင်း ​မောင်းနှင်​လာချိန် ​ရေ​မြောင်းအတွင်း  ထိုးကျတိမ်း​မှောက်​ခဲ့တာပါ။   ယာဉ်​​ပေါ်ပါသူ ၅ ဦးအနက်​ မဲဇလီ​ကျေးရွာ၊ ပွင့်ဖြူ​မြို့နယ်​နေ စိုးမင်း​အောင်​နဲ့ လယ်​မ​ကျေးရွာ ပွင့်ဖြူမြို့နယ်နေ မောင်​​အေးတို့ သစ်ခွဲသားတွေပိပြီး  ​ရေနစ်​​သေဆုံး​​ခဲ့ပါတယ်။ ဒါ့အပြင် လယ်​မ​ကျေးရွာနေ ကိုကို​အောင်ကတော့ ဆီးခုံ​ရောင်​ ​သေဆုံးခဲ့ပြီး ယဉ်​​မောင်း​ကျော်​ထက်​ဦးနဲ့ ကျန်​တဦးက ထိခိုက်​ဒဏ်​ရာ ရရှိခဲ့​ကြောင်း ပွင့်ဖြူမြို့မ ရဲစခန်းက ဆိုပါတယ်။ ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး  ယဉ်​​မောင်း​ကျော်​ထက်​ဦးကို ပွင့်ဖြူမြို့မရဲစခန်းက ယာဉ်​မဆင်​မခြင် ​​မောင်းနှင်​​သေဆုံးမှု ရာဇသတ်​ကြီးပုဒ်​မ  ၃၀၄-က/၃၃၈/၃၃၇ တို့နဲ့ စစ်​​ဆေးအ​ရေးယူထားပါတယ်​။

A d v e r t i s e m e n t With Us

More News
Up