A d v e r t i s e m e n t With Us

အိမ်ဖြူတော်ပေါက်ကွဲမှုနှင့် လန်ဒန်တိုက်ခိုက်မှုကိုပြသည့် အိုင်အက်စ် ဝါဒဖြန့်ရုပ်သံ

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက လန်ဒန်တံတားကို ဖောက်ခွဲတာနဲ့ ဝါရှင်တန်ဒီစီကို ကျုးကျော်တိုက်ခိုက်တဲ့ ခြိမ်းခြောက်မှု ဝါဒဖြန့်ချိရုပ်သံ အသစ်တခုကို ထုတ်လွှင့်လိုက်ပါတယ်။ ဝါရှင်တန်ကို အနိုင်ယူသိမ်းပိုက်ခြင်း အပိုင်း(၁) လို့ အမည်ပေးထားတဲ့ ဒီရုပ်သံကို အိုင်အက်စ်အဖွဲ့အား အထောက်အပံ့ပေးတဲ့ အာ့ဘ်ဒ်ဖာကာ သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။ အဲဒီ ဝါဒဖြန့်ချိရေး ရုပ်သံထဲမှာ London Has Fallen နဲ့ Olympus has Fallen ဆိုတဲ့ ရုပ်ရှင်ကားတွေထဲက စိတ်ကူးယဉ် တိုက်ခိုက်တဲ့ ရုပ်သံမြင်ကွင်းတွေကို ထည့်သွင်းထားပါတယ်။ ရုပ်သံကို စစ်သားတွေ တိုက်ခိုက်ဖို့ လက်နက်တွေ ပြင်ဆင်တာ၊ သဲကန္တာရထဲ ခရီးသွားတာနဲ့ အစပြုထားပြီး အမေရိကန် ထောက်ပံ့ရေး စစ်ကြောင်းကို တိုက်ခိုက်မယ့် အဘူအယ်ဘာရာ အယ်ဖာရန်စီလို့ ခေါင်းစဉ်တပ်ထားတဲ့မြေပုံ၊ ဖောက်ခွဲရေး ပစ္စည်းတွေပါတဲ့ ဗင်ကားက လန်ဒန်တံတားပေါ် ဖြတ်မောင်းသွားတာနဲ့ ရုပ်သံကို ပြထားပါတယ်။ အဲဒီနောက် စနက်တံဖြုတ်ပြီး တံတားကြီးပြိုလဲသွားလို့ ကားတွေ သိမ်းစ်မြစ်ထဲ ပြုတ်ကျသွားတာ တွေ့ရပါတယ်။ ဒီမြင်ကွင်းက London has Fallen ရုပ်ရှင်ထဲက ဇာတ်ကွက်တခုကို ယူသုံးထားပြီး ရုပ်သံမြင်ကွင်းထဲမှာ မူဂျာဟစ်ဒင်စစ်သားတွေက ပေါက်ကွဲသွားတဲ့ အဆောက်အအုံတွေရှိရာ မြို့ပြင်ကို ဝင်သွားတာလည်း တွေ့ရပါတယ်။ Olympus has Fallen ရုပ်ရှင်ထဲက ရုပ်သံမြင်ကွင်းကို ယူသုံးထားတဲ့ ဝါရှင်တန်ဒီစီပေါ်မှာ လေယာဉ်တွေ ပျံနေတာ၊ လူတွေကို သေနတ်နဲ့ ပစ်သတ်နေတာလည်း တွေ့ရပြီး အဲဒီနောက် တင့်ကားတွေနဲ့ လမ်းပေါ်ကို အကြီးအကျယ်တိုက်ခိုက်ပြီး အိမ်ဖြူတော်ကို ရောက်လာတာနဲ့ ရုပ်သံကို အဆုံးသတ်ထားပါတယ်။ ရုပ်သံအဆုံးမသတ်ခင် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲပြီး အိမ်ဖြူတော်ထဲက ဘဲဥပုံ ရုံခန်းကြီး ပေါက်ကွဲထွက်သွားတာလည်း တွေ့ရပါတယ်။ ဒီရုပ်သံရဲ့ ရည်ရွယ်ချက်က အိုင်အက်စ်အဖွဲ့ဝင်အသစ်တွေကို စုဆောင်းဖို့လို့ ဂျီဟက်စကု့ပ်လို့ခေါ်တဲ့ စောင့်ကြည့်ရေးအဖွဲ့က ရာဖေးလ်ဂလက်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up