A d v e r t i s e m e n t With Us

ဥရောပနှင့်အာရှနိုင်ငံများကို သွားနိုင်သည့် တရုတ် ရထားလမ်းသစ်နှစ်ခု ဖွင့်လှစ်

တရုတ်ကနေ ဥရောပနဲ့ အာရှနိုင်ငံတွေကိုသွားမယ့် ရထားလမ်းသစ် နှစ်ခုကို ဇန်နဝါရီ ၁၉ ရက်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ပထမရထားတစင်းဟာ တရုတ်နိုင်ငံ ဖူကျင်းပြည်နယ် ရှားမင်းမြို့ကနေ ဥရောပက ဟန်ဂေရီနိုင်ငံ ဘူတာပတ် မြို့အထိ ခုတ်မောင်းမှာဖြစ်ပါတယ်။ ဒီရထားမှာ ကုန်တင်တွဲ ၃၅ တွဲပါရှိပြီး၊ အီလက်ထရောနစ်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဦးထုပ်၊ဖိနပ်တွေနဲ့ ပတ်သက်တဲ့ ကုန်စည်တွေ တင်ဆောင်သွားတာ ဖြစ်ပါတယ်။ ရထားဟာ တရုတ် ရှာမင်းမြို့ကနေ ဘူတာပတ်မြို့အထိ ကီလိုမီတာ ၁၁,၅၉၅  ရှည်လျားတဲ့ ခရီးကို ၁၈ ရက်နဲ့ ရောက်ရှိမှာဖြစ်ပါတယ်။ အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ရထားလမ်းဟာ ရှားမင်းကနေ ဥရောပကို သွားရောက်တဲ့ ၅ ခုမြောက် ရထားလမ်းလည်းဖြစ်ပါတယ်။ အရင်ရှိထားတဲ့ ရထားလမ်း ၄ ခုဟာ တရုတ် ရှားမင်းမြို့ကနေ ပိုလန်၊ ဂျာမနီနိုင်ငံက ဟမ်းဘတ်မြို့နဲ့ ဒူးစ်ဘာ့တ်မြို့၊ ရုရှားနိုင်ငံက မော်စကိုမြို့တွေကို ခုတ်မောင်းသွားလာတာ ဖြစ်ပါတယ်။ နောက်ထပ်အသစ်ဖွင့်လှစ်လိုက်တဲ့ ရထားလမ်းကြောင်းတခုကတော့ တရုတ် ရှင်ကျန်းဒေသ အူရန်းကီမြို့တော်ကနေ အဇာဘိုင်ဂျန်နိုင်ငံရဲ မြို့တော်ဘာကူကို ဦးတည်းတာ ဖြစ်စ်ပါတယ်။ အခုစတင်ခုတ်မောင်းတဲ့ ရထားမှာ ကုန်တွဲ ၃၆ တွဲပါရှိပြီး ကားပစ္စည်း၊ အင်ဂျင်နီယာသုံးပစ္စည်း စတာတွေ တင်ဆောင်သွားတာဖြစ်ပါတယ်။ ဒီရထားဟာ ကာဇက်စတန်နိုင်ငံက ကူရတ်စ်ဆိပ်ကမ်းကို ဆိုက်ကပ်မှာဖြစ်ပြီး အဲဒီဆိပ်ကမ်းကနေ အဇာဘိုင်ဂျန်နိုင်ငံကို ရေလမ်းကနေ ကုန်စည်တွေကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ စုစုပေါင်း ကီလိုမီတာ ၄၁၈၆ အရှည်ရှိတဲ့ အခုလို ရထားလမ်းနဲ့ ရေးလမ်း ခရီးရှည်ဟာ အချိန်ကာလ ၈ ရက်သာရှိမှာဖြစ်ပြီး အရင်ကထက် ကြာချိန် ၃ ပုံ ၂ ပုံကျော် တိုးတောင်းသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up