A d v e r t i s e m e n t With Us

နိုင်ငံတကာအပေါ်ထားသည့် ကတိက၀တ်များကို လိုက်နာမည်ဟု ရုရှားပြော

သမ္မတနန်းတော် ပြောခွင့်ရ-ဒမစ်ထရီပဲ့စ်ကို့ဗ်
ရုရှားအစိုးရဟာ နိုင်ငံတကာအပေါ်ထားတဲ့ ကတိကဝတ်တွေ အားလုံးကို လိုက်နာမယ်လို့ သမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရုရှားဟာ နိုင်ငံတကာ သဘောတူညီချက် အားလုံးအပေါ် တာဝန်ကို အရင်ကလည်း ကတိတည် လိုက်နာသလို နောင်လည်းဆက်ပြီး လိုက်နာသွားမယ်လို့လည်း သူက ပြောပါတယ်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို ရုရှားအစိုးရက ချိုးဖောက်တယ် လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို တုံ့ပြန်ဖြေကြားတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဒဏ်ခတ်မှုကို ရှောင်တိမ်းဖို့ မြောက်ကိုရီးယားကို ရုရှားက ကူညီနေတယ် လို့ ထရမ့်က ရိုက်တာ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း ဇန်နဝါ၇ီ ၁၇ ရက်က ပြောခဲ့တာပါ။ ဒေသတွင်းနဲ့ နိုင်ငံတကာပြသနာတွေ အားလုံးကို ဖြေရှင်းရာမှာ အမေရိကန်နဲ့ အပြန်အလှန် ဆက်ဆံရေးတိုးတက်ဖို့ ရုရှားက အားထုတ်နေပေမယ့် အမေရိကန် သမ္မတ အိမ်ဖြူတော် ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုလားမှုတွေ ကင်းမဲ့နေတယ်လို့ ရုရှားအစိုးရက ခံစားနေရတဲ့ အကြောင်းလည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up