A d v e r t i s e m e n t With Us

ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ  ၆၀ ၀င် တအိတ်ကို ၅၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ မတ်ပဲ အဟောင်းက တအိတ်ကို ၅၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး၊ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တစ်အိတ်ကို ၃၀၀၀ ဈေးကွာခြားမှု ရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ၃၆၂၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်းက  တအိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၂၀၀ ကျပ် ဈေးကွာခြားချက်ရှိပါတယ်။ ပဲလွန်းဖြူ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ    ၆၀ ၀င် တအိတ်ကို ၇၈၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးကုန်စည်ဒိုင်မှာတေ့ တအိတ်ကို ၇၅၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲပုတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲပုတ်က တပိဿာ   ကို ၁၀၀၀  ကနေ ၁၀၃၅ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၃၅၀ ရှိပါတယ်။ ရန်ကုန်နဲ့ မြင်းခြံကုန်စည်ဒိုင် တစ်ပိဿာကို ၃၁၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တစ်ပိဿာကို ၁၆၈၀ ကနေ ၁၆၉၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁၇၅၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၆၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းနက်(စမုံ) မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာ ၀င် တအိတ်ကို ၁၀၀၀၀၀ ကနေ ၁၂၇၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၉၆၀၀၀ ကနေ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင် တအိတ်ကို ၇၀၀၀ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

A d v e r t i s e m e n t With Us

More News
Up